
နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ဖော်ဆောင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၄ သိန်း ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် ကြီး မစ္စတာ ချန်းဟိုင်နှင့် ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာ ချန်းဟိုင်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနသို့ အလှူငွေပေးအပ်ရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားပြီး အလှူငွေများကို ပေးအပ် လှူဒါန်းရာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် မောင်တင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်