
နေပြည်တော် ဧပြီ ၁၀
အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင် ရေးကော်မတီ၏ (၂/၂၀၂၄) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ တွင် ရုံးအမှတ်(၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ-၂ ၌ ကျင်းပရာ အမျိုးသားပို့ကုန်မဟာ ဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန် မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂ ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြော ကြားသည်။
ဆွေးနွေးပြောကြား
ဦးစွာ အမျိုးသားပို့ကုန်မဟာ ဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန် မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌက အမျိုးသားပို့ကုန် မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ထိရောက်စွာ အကောင် အထည်ဖော်ရန် အစိုးရ-ပုဂ္ဂလိက ပို့ကုန် မြှင့်တင်ရေးကော်မတီက ဆက်လက် ကြိုးပမ်းဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီများ ကျစ်လျစ်စွာပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက် များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်း စဉ်များ (Quick Win) ရွေးချယ် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာ ဆောင်ရွက်ထားရှိပြီး အကောင် အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ ဦးစားပေး ရွေးချယ်ဆောင်ရွက် မည့်လုပ်ငန်းများက ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူ ပြုနိုင်မည့် လုပ်ငန်းများဖြစ်ရန်လည်း လိုအပ် ပါကြောင်း၊ အထောက်အကူပြု ကဏ္ဍများ၏ ပံ့ပိုးပေးနိုင်မှုများက လည်း ပို့ကုန်တင်ပို့မှု လွယ်ကူ ချောမွေ့စေရေးအတွက် လွန်စွာ အရေးပါသည့် လုပ်ငန်းစဉ်များဖြစ် သဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကော်မတီ တွဲဖက်အတွင်းရေးမှူး-၁ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား ပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီများ ပြန်လည် ဖွဲ့စည်းမှု ပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို အကျဉ်း ချုပ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင် ရာကဏ္ဍများအလိုက် ကော်မတီ များ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ထားမှုများ၊ ဦးစား ပေးဆောင်ရွက်မည့် လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်း တင်ပြကြရာ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ အဖွဲ့ ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြ မှုများအပေါ် ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပြီ ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များနှင့်ပတ်သက်၍ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်