အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဇန်နဝါရီ ၂၆

 

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ အွန်လိုင်းဖြင့် ကျင်းပ သည်။

အစည်းအဝေးတွင် အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး အထောက် အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး အထောက် အကူပြုလုပ်ငန်းအဖွဲ့သည် လုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသားမြေဥပဒေ(မူကြမ်း) ကနဦး ရေးဆွဲနိုင်ရေး လုပ်ငန်းစဉ်ကို လုပ်ငန်း စီမံချက်ပါအတိုင်း အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ လုပ်ငန်းစီမံချက်ပါ ကနဦး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်အရ လုပ်ငန်းအဖွဲ့ငယ် ခုနစ်ဖွဲ့က သက်ဆိုင် ရာ လုပ်ငန်းတာဝန် အသီးသီးကို ဆောင်ရွက်နေကြပြီး အစီရင်ခံစာများ ပေးပို့နေကြသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ တတိယအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း များအဖြစ် ဆုံးဖြတ်ခဲ့သည့် လုပ်ငန်း ကော်မတီ၊ အထောက်အကူပြုလုပ်ငန်း အဖွဲ့နှင့် လုပ်ငန်းအဖွဲ့ငယ် ခုနစ်ဖွဲ့ တို့၏ လုပ်ငန်းတာဝန်များကို ချိတ်ဆက်ဆောင်ရွက်မည့် Co-ordination body ဖွဲ့စည်းနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ယခုအစည်းအဝေး တွင် ဆွေးနွေးအကြံပြုပေးကြစေရန်လိုကြောင်း၊ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်ကို ပြည်သူသို့ အသိပေးခြင်း၊ ဆွေးနွေး ခြင်း လုပ်ငန်းစဉ်များကို လုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့ က ဆောင်ရွက်သွားနိုင်ရေးကိုလည်း ဆွေးနွေးအကြံပြု ပေးကြစေလို ပါကြောင်း၊ အမျိုးသားမြေဥပဒေ မူကြမ်း ကျောရိုး(မာတိကာ)သည် တည်ဆဲမြေဆိုင်ရာ ဥပဒေအားလုံး ကို ကိုယ်စားပြုမှု မှန်ကန်ရမည် ဖြစ်သည့်အတွက် ကြုံတွေ့ရမည့် ပြဿနာများနှင့် စိန်ခေါ်မှုများကို အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် အညီ ထည့်သွင်းလေ့လာ သုံးသပ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အထောက် အကူပြု လုပ်ငန်းအဖွဲ့ဝင်များနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးတင်ပြရာအထောက်အကူပြု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ပြန်လည် ဖြည့်စွက်ဆွေးနွေးသည်။

အစည်းအဝေးသို့ အထောက် အကူပြု လုပ်ငန်းအဖွဲ့ဝင်များနှင့် နည်းပညာအကြံပေး အဖွဲ့ဝင်များ ဖြစ်ကြသည် လွှတ်တော်ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာဝန်ကြီး ဌာန များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

သတင်းစဉ်