
နေပြည်တော် ဖေဖော်ဝါရီ ၁
အမျိုးသားမြေဥပဒေ ရေးဆွဲပြုစု ရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့၏ စတုတ္ထအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဒုတိယဝန်ကြီး ဦးမင်းသူတို့ က ဆွေးနွေးဆောင်ရွက်သွားမည့် အမျိုးသားမြေဥပဒေ မူကြမ်းပါ အချက်များနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ အမျိုးသား မြေ ဥပဒေ ရေးဆွဲပြုစုရေး အထောက် အကူပြုလုပ်ငန်းအဖွဲ့ အတွင်းရေး မှူးက အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းနှင့် ပတ်သက် ၍ အမျိုးသားမြေအသုံးချမှု ကောင်စီ၏ ပဉ္စမအကြိမ်အစည်း အဝေး ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြသည်။
ထို့နောက် ဥပဒေရေးဆွဲရေး အဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များက ဥပဒေမူကြမ်း၏ တစ်ခန်းချင်း အလိုက် ရေးသားပြုစုထားမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ အစည်း အဝေး တက်ရောက်လာကြသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးကြ သည်။
ရေးဆွဲ ပြုစုလျက်ရှိသည့် အမျိုးသားမြေဥပဒေတွင် လက်ရှိ ကျင့်သုံးလျက်ရှိသော ဥပဒေများ ၌ မြေနှင့်စပ်လျဉ်း၍ အဓိပ္ပာယ် ဖော်ပြချက်များနှင့် ဥပဒေချင်း ဝိရောဓိဖြစ်နေသော အချက်များ ရှိပါက ဖြေရှင်းပေးနိုင်မည့် အချက် များ ထည့်သွင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ ဒုတိယအကြမ် အစည်းအဝေးတွင် မြေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက် နှင့် လုပ်ငန်းအချိန်ကာလ သတ်မှတ်မှုတို့ကို အကြမ်းစတင် ဆွေးနွေးခဲ့ကြပြီး လှည့်လည်စာတွဲ နှင့် ထပ်မံအကြံပြုခဲ့မှုများ အပေါ် အချောသတ်ပြုစု၍ လုပ်ငန်းကော်မတီသို့ တင်ပြပေး နိုင်ခဲ့ကြောင်းနှင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းများ အပြီးသပ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်