အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အကျဉ်းထောင်၊ ကုန်ထုတ်စခန်းနှင့် အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ  ၁၄


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးပေါ်လွင်စိန်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်း၊ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊ မြိတ်မြို့ပေါ်ရှိ မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို  ကြည့်ရှုစစ်ဆေးသည်။ 

 


ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ အသုံးအဆောင်ပစ္စည်းများရရှိခြင်းရှိ မရှိ၊ ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင် ခြင်း၊ တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား/အချုပ် သားများကို သီးခြားတွေ့ဆုံကာ ယင်းတို့၏ တင်ပြ ချက်များကို မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှု စစ်ဆေးသည့်  အကြံပြုချက်များအပေါ်  အကောင် အထည်ဖော်   ဆောင်ရွက်ပြီးစီးမှုတို့ကို   ကြည့်ရှု စစ်ဆေးသည်။ 

 


အကျဉ်းထောင်နှင့်      ကုန်ထုတ်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အချုပ် သားများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံ ဆောင်၊   စာကြည့်တိုက်၊  စားဖိုကြီး၊  ရိက္ခာစတို၊ သောက်ရေသန့်စက်နှင့် သုံးရေကန်များ၊ မိလ္လာများကို လည်းကောင်း၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးစဉ် အချုပ်ခန်းအတွင်း သန့်ရှင်းရေး၊ မိလ္လာ များ သန့်ရှင်းရေးနှင့် သောက်သုံးရေသုံးစွဲရမှု၊ လိုအပ် သည့် ဆေးဝါးများနှင့် ထားရှိသင့်သည့် ဆေးကိရိယာ ပစ္စည်းများ လုံလောက်စွာရရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 


ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက် အပေါ် အခြေခံ၍ လိုအပ်သလို စိစစ်ဆောင်ရွက်ပေး နိုင်ရေးအတွက် အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနများသို့    ပေးပို့သွားမည်ဖြစ်ကြောင်း   သိရ သည်။                                 

သတင်းစဉ်