အမျိုးသားလုံခြုံရေး အက်ဥပဒေရေးဆွဲနိုင်ရေး

အမျိုးသားလုံခြုံရေးအက်ဥပဒေရေးဆွဲနိုင်ရေးကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ ဖမ်းဆီးမိရေးနှင့် သတင်းပေးသူများအား ထိုက်သင့်သည့် ဆုငွေချီးမြှင့်ရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်လျက်ရှိကြောင်း၊  လယ်ယာမြေပြဿနာများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် တိုင်းရင်းဆေးထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ သုတေသနဌာနများက လုပ်ဆောင်လျက်ရှိကြောင်း၊ မြို့နယ်အလိုက် အောက်ဆီဂျင် စက်ရုံများ တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။   


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ၇-၈-၂၀၂၁  ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၃/၂၀၂၁) ၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)