
နေပြည်တော် ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ များပြားလျက်ရှိပြီး (၁၅) ကြိမ်မြောက် ပန်းပွဲတော် (Blooming Fantasy) ကျင်းပလျက်ရှိသည့် အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)တွင် ဖွင့်ပွဲ နေ့ ဒီဇင်ဘာ ၁၈ ရက်မှ ယနေ့အထိ ပြည်တွင်း/ ပြည်ပမှ ခရီးသွားပြည်သူ တစ်သိန်း ခြောက်သောင်းကျော် လာရောက် ကြည့်ရှုလေ့လာအပန်းဖြေခဲ့ပြီး ယနေ့ အချိန်အထိ လာရောက်လည်ပတ်သူများ ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိ ရသည်။
အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)ရှိ ရေကန်များ သာယာလှပရေး၊ စိမ်းလန်းစိုပြည်စေရေး၊ အကြောင်းအမျိုးမျိုး ကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်းခြောက်မှုများ မရှိစေရေးနှင့် ရေကန် များ ရေဝင် ရေထွက် ကောင်းမွန်စေရေး စသည့် ရေအရင်းအမြစ် ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်း များက ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်