အမျိုးသားကန်တော်ကြီးဥယျာဉ် သာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး လှည့်လည်စစ်ဆေး

နေပြည်တော်  စက်တင်ဘာ  ၁၄


စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်း              ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ် ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊    မန္တလေး တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင်အမျိုးသား ကန်တော်ကြီး       ဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်က    ကန်တော်ကြီးအတွင်းရှိ ရေကန်လေးကန်၏ ရေဝင်ရောက် မှု၊    နွေရာသီ  ရေခန်းခြောက်မှု၊ လက်ရှိအခြေအနေနှင့်  ရေခန်း ခြောက်ရသည့်    အကြောင်းရင်း များ၊  ၁၀ နှစ်အတွင်း  မိုးရွာသွန်း မှုနှင့် အပူချိန်တို့ကိုလည်းကောင်း ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးက   အမျိုးသားကန်တော် ကြီးဥယျာဉ်၏    ရေဝင်ရောက်မှု အခြေအနေနှင့်      ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း    ရှင်းလင်းတင်ပြ သည်။


ဆက်လက်၍ သစ်တောဦးစီး ဌာန      ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က   ကော်ဖီစိုက်ခင်းများ ခွင့်ပြုပေးမှုအပေါ်    အမှန်တကယ် စိုက်ပျိုးထားရှိမှု         အခြေအနေ များကိုတင်ပြရာ     ပြည်ထောင်စု ဝန်ကြီးများက  ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ပြီး     အမျိုးသားကန်တော် ကြီး ဥယျာဉ်အတွင်း        လှည့်လည် စစ်ဆေးခဲ့ကြောင်း   သတင်းရရှိ သည်။                    

          သတင်းစဉ်