အမျိုးသားကန်တော်ကြီးဥယျာဉ် ရေဝင်ရောက်မှုအခြေအနေနှင့် ကော်ဖီစိုက်ခင်းများ လှည့်လည်ကြည့်ရှုစစ်‌ဆေး

 

 

နေပြည်တော်   စက်တင်ဘာ   ၁၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး‌ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို တို့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ပိုင်းတွင်         အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကန်တော်ကြီးအတွင်းရှိ ရေကန်လေးကန်၏ ရေဝင်ရောက်မှု၊ နွေရာသီရေခန်း ခြောက်မှု၊ လက်ရှိအခြေအနေနှင့် ရေခန်းခြောက်ရ သည့် အကြောင်းရင်းများ၊ ၁၀ နှစ်အတွင်း မိုးရွာသွန်း မှုနှင့် အပူချိန်တို့ကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု  စီမံခန့်ခွဲရေးဦးစီးဌာနမှ   ညွှန်ကြား ရေးမှူးက   အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ရေဝင်ရောက်မှုအခြေအနေနှင့်       ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို     လည်းကောင်း ရှင်းလင်းတင်ပြသည်။ 
ဆက်လက်၍ သစ်တောဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကော်ဖီစိုက်ခင်းများ  ခွင့်ပြု ပေးမှုအပေါ် အမှန်တကယ်စိုက်ပျိုးထားရှိမှုအခြေ အနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး အမျိုးသားကန်တော် ကြီး ဥယျာဉ်အတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                               
သတင်းစဉ်