အမျိုးသားဇာတ်ရုံ(ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံနေမှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

အမျိုးသားဇာတ်ရုံ(ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံနေမှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

============================================================

 

နေပြည်တော် ဇန်နဝါရီ ၈

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူ အညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်နေမှုနှင့် စပ်လျဉ်းသည့် လုပ်ငန်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ ဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်း အတွင်းဝန်/ တာဝန်ခံညွှန်ကြားရေး မှူးချုပ် ဦးထွန်းအုံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Beijing Construction Engineering Group Co.,Ltd. မှ အင်ဂျင်နီယာများ၊ အနုပညာဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက အမျိုးသား ဇာတ်ရုံ(ရန်ကုန်)ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၀ ရက်မှစ၍ ပြန်လည်ပြုပြင်မွမ်းမံ ခဲ့ပြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လုပ်ငန်း၏ ၅၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ၁၉၈၅ ခုနှစ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ လီရှန်နင့် မြန်မာနိုင်ငံသို့ လာရောက် စဉ် မေတ္တာလက်ဆောင်အဖြစ် ပေးအပ် ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ပေးခဲ့၍ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ ၏ ပင်မအဆောက်အအုံ ကြံ့ခိုင်မှု၊ ခေတ်မီအသံစနစ်နှင့် မီးအလင်း အမှောင်စနစ်၊ LED စနစ်၊ 4K ရုပ်ရှင် ပြစက်စနစ်၊ လေအေးပေးစနစ်၊ မီးငြှိမ်း သတ်ရေးစနစ်၊ လုံခြုံရေးစနစ်များအား အဆင့်မြှင့်တင်ထားသော နိုင်ငံတကာ အဆင့်မီ ဇာတ်ရုံတစ်ရုံ ဖြစ်လာမည် ဖြစ်ကြောင်း၊ ယခုလို နိုင်ငံတကာ အဆင့်မီ ဇာတ်ရုံတစ်ရုံအဖြစ် ကူညီ ဆောင်ရွက်ပေးကြသည့် အတွက် မြန်မာနိုင်ငံအစိုးရနှင့်တကွ မြန်မာနိုင်ငံ သားများ၏ကိုယ်စား တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ချစ်ကြည်ရင်းနှီးစွာ ကျေးဇူးတင်ရှိကြောင်း၊ အထူးအား ဖြင့် ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် Coronavirus Disease 2019 (COVID-19) အချိန်ကာလအတွင်းတွင် ဆောင်ရွက်ဆဲလုပ်ငန်းများ ရပ်တန့် မသွားစေရန် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၏ စည်းကမ်းချက်များ နှင့်အညီ လုပ်အားရှင်များကို စခန်း သွင်း၍ လုပ်ငန်းအရှိန်အဟုန်မပျက် ဆောင်ရွက်နေကြသည်ကိုလည်း အထူး ပင် ဝမ်းမြောက်မိပါကြောင်း ဂုဏ်ပြု စကားပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည် မင်းက နိုင်ငံတိုင်းနိုင်ငံတိုင်း၌ နိုင်ငံ ကိုယ်စားပြုအထိမ်းအမှတ် အဆောက် အအုံများရှိကြောင်း၊ မြန်မာနိုင်ငံ၌ လည်း National ဟု သတ်မှတ်သည့် အမျိုးသားအဆင့် အဆောက်အအုံများ ရှိပြီး အမျိုးသားဇာတ်ရုံသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အမျိုး သားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ရေးရာများသာမက ကျန်းမာရေးဆိုင် ရာကိစ္စရပ်များတွင်လည်း အမြဲပူးပေါင်း ဆောင်ရွက်သည့်အတွက် မြန်မာနိုင်ငံ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အထူး ပင် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။

 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Beijing Construction Engineering Group Co.,Ltd.မှ တာဝန်ရှိသူတို့က အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစား ပြုပြင်မွမ်းမံနေမှု များနှင့်စပ်လျဉ်း၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက Beijing Construction Engineering Group Co.,Ltd. ၏ လိုအပ်သည့် အကူအညီများ ဆက်လက် ကူညီပေးသွားမည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် အမျိုးသားဇာတ်ရုံအသစ် ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပျော်ရွှင် ကျန်းမာစွာဖြင့် ပြန်လည်တွေ့ဆုံရန် မျှော်လင့်ကြောင်းနှင့် နှစ်သစ်မင်္ဂလာ အခါသမယတွင် Beijing Construction Engineering Group Co.,Ltd. မှ အင်ဂျင်နီယာများအားလုံး ကိုယ်ကျန်း မာ၊ စိတ်ချမ်းသာရှိကြစေရန် ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်