အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်း လက်ခံခြင်းအခမ်းအနား ကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ    ၂၇


သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ  (ရန်ကုန်)  ကို တရုတ်      ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံ ပြင်ဆင်ပြီးမြောက်သဖြင့်       လွှဲ ပြောင်းလက်ခံခြင်း အခမ်းအနား ကို   ယနေ့နံနက်  ၉  နာရီတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။

 


အခမ်းအနားသို့ သာသနာရေး နှင့်       ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး      သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊    လူမှုရေးဝန်ကြီး    ဦးအောင်ဝင်း သိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ  သံအမတ်ကြီး   Mr. Chen Hai    နှင့်      သံရုံးဝန်ထမ်းများ၊  Beijing   Construction  Engi-neering   Group   Co.,Ltd    မှ အင်ဂျင်နီယာများ၊ သာသနာရေး နှင့်     ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ     တက်ရောက် ကြသည်။

 


အခမ်းအနားတွင်        ပြည် ထောင်စုဝန်ကြီး ဦးကိုကို၊  ရန်ကုန် တိုင်းဒေသကြီး  သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊    မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် စီးပွားရေးသံမှူး Mr. Tan Shu Fu တို့က အမျိုးသား ဇာတ်ရုံ (ရန်ကုန်) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက် အမျိုးသားဇာတ်ရုံ  (ရန်ကုန်) ပြင်ဆင်မွမ်းမံမှု အဆင့် ဆင့် မှတ်တမ်း   Video  Clip  ကို ပြသပြီး သံအမတ်ကြီးက ဂုဏ်ပြု အမှာစကား ပြောကြားသည်။

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးထံ     သံအမတ်ကြီးက အမျိုးသားဇာတ်ရုံ    (ရန်ကုန်) ပြင်ဆင်ပြီးစီးမှုဆိုင်ရာ အထောက် အထားများကို လွှဲပြောင်းပေးအပ် ပြီး အမှတ်တရလက်ဆောင်များ     အပြန်အလှန်  ပေးအပ်ကြသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက    မကြာမီအချိန်တွင်   ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ ၏  (၇၅) နှစ်မြောက်  စိန်ရတု လွတ်လပ်ရေး အခမ်းအနားကြီး ကို စည်ကားသိုက်မြိုက်စွာကျင်းပ မည်ဖြစ်ကြောင်း၊     ထို့ကြောင့် ယခုကျင်းပသည့်        အမျိုးသား  ဇာတ်ရုံ   (ရန်ကုန်)   လွှဲပြောင်း လက်ခံခြင်း   အခမ်းအနားသည် စိန်ရတု    လွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုရာရောက်သည့်    အခမ်း အနားဖြစ်သည့်အတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများ ကို ပြည်ထောင်စုသမ္မတ  မြန်မာ နိုင်ငံတော်ကိုယ်စား      ကျေးဇူး အထူးတင်ရှိပါကြောင်း     ပြော ကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည်  မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်မွမ်းမံထားရှိမှုကို  လှည့် လည်ကြည့်ရှုကြသည်။

 


အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစား    ပြင်ဆင်မှုအတွက်   လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀  (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်း တိတိ)    ကုန်ကျခဲ့ကာ    အသစ် တည်ဆောက်ပေးသကဲ့သို့ ခေတ်မီ ဇာတ်ရုံအင်္ဂါရပ်များ      ပြည့်စုံစွာ    ထည့်သွင်းပေးထားပြီး အမျိုးသား ဇာတ်ရုံရှိ  ဝန်ထမ်းများကို  လိုအပ် သော    သင်တန်းများ    လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း      သိရ သည်။                      

သတင်းစဉ်