အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

 

 

နေပြည်တော်  ဇွန်  ၇ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုဆောင်ရွက် ခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီ မိနစ်၂၀ တွင် နေပြည်တော်မှ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။ 
အဆိုပါ  အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ NDAA (မိုင်းလား) မှ ဒုတိယဥက္ကဋ္ဌ  ဦးဆောင် သည့်    ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံး  ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်း ရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသား တွေစည်းလုံးမှ        ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ  စသည့်စာသားပါ ဆိုင်းဘုတ်များ  ကိုင်ဆောင်၍လည်း ကောင်း၊  နိုင်ငံတော်အလံငယ်များ  ကိုင်ဆောင်၍ လည်းကောင်း  နေပြည်တော် တပ်မတော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။ 
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံမြို့သို့ ရောက်ရှိကြရာ  တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်  အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  ပါတီနိုင်ငံရေးအဖွဲ့ အစည်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံ တိုင်းရင်းသားများက ကျိုင်းတုံလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်