
ကိုလံဘို မေ ၁၂
သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာသည် အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (UNP) ခေါင်းဆောင် ရာနေးလ်ဝစ်ခ်ခရမ်ဆင်းကို မေ ၁၂ ရက်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
နိုင်ငံအတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးမငြိမ်သက်မှုများကို အဆုံးသတ်ရန် အစိုးရသစ်တစ်ရပ်ဖွဲ့ရန် ကတိပြုခဲ့သော သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ(UNP) ခေါင်းဆောင် ရာနေးလ်ဝစ်ခ်ခရမ်ဆင်းကို မေ ၁၂ ရက်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည့်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (UNP) ခေါင်းဆောင် ရာနေးလ်ဝစ်ခ်ခရမ်ဆင်းသည် သီရိလင်္ကာနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက ကြားဖြတ်အစိုးရ တစ်ရပ်ကို ဦးဆောင်သွားရန်ဆန္ဒရှိကြောင်း သမ္မတထံ စာရေးအကြောင်း ကြားခဲ့ပြီးနောက် သီရိလင်္ကာသမ္မတက ယခုလို ဝန်ကြီးချုပ်သစ်ခန့်အပ် လိုက်ခြင်းဖြစ်သည်။
ရာဇဝတ်တရားသူကြီးက ဂိုတာဘာယာရာဂျာပက်ဆာ၏ အာဏာရသီရိလင်္ကာပိုဒူဂျာနာ ပီရာမူနာပါတီအဖွဲ့ဝင် ၁၃ ဦးကို နိုင်ငံရပ်ခြားခရီးသွားလာခြင်းမှ တားမြစ်ထားကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။
သီရိလင်္ကာဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော ရာနေးလ်ဝစ်ခ်ခရမ်ဆင်းသည် စစ်မှုထမ်းဟောင်းဥပဒေပြုသူတစ်ဦး ဖြစ်ကာ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
ဆင်ဟွာ