အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    မတ်   ၃၁


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်  ရှမ်းပြည်တိုးတက်ရေးပါတီ     (SSPP)   မှ ကိုယ်စားလှယ်များသည်     ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ဌာန၌   တွေ့ဆုံဆွေးနွေးကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)  ပြည်ထောင်စုဝန်ကြီး၊   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီအဖွဲ့ဝင် များနှင့်   ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP)    မှ ဒုတိယဥက္ကဋ္ဌ (၂)     စဝ်ခွန်ဆိုင်၊    အတွင်းရေးမှူး (၂)    စဝ်စိုင်းဆု၊   ဗဟိုကော်မတီဝင်    စဝ်နော် လိတ်နှင့် စဝ်သန်းအောင်တို့ တက်ရောက်ကြသည်။

 


တွေ့ဆုံစဉ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊ ညှိနှိုင်းရေးကော်မတီ    ဥက္ကဋ္ဌက လက်ရှိငြိမ်းချမ်းရေးဆောင်ရွက် နေမှု၊ အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ကို     ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်သတ်မှတ် ချက်များမရှိဘဲ   လက်နက်ကိုင် အဖွဲ့အစည်းများနှင့်          တွေ့ဆုံ ဆွေးနွေးမှု၊   အပစ်အခတ်ရပ်စဲ ထားမှု၊   ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများ     လျှော့ချနိုင်ရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို တွေ့ဆုံညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး၊  လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ  ကျင်းပနိုင်ရေးအတွက် ပူးပေါင်း      ဆောင်ရွက်ရေးနှင့်  နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးကိစ္စရပ်များကို     ရှင်းလင်း ပြောကြားသည်။

 


ဆက်လက်၍    ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) ဒုတိယ ဥက္ကဋ္ဌ -၂    က    တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   တည်ငြိမ် အေးချမ်းပြီး   တရားဥပဒေစိုးမိုးမှု ရှိသည့်   ပတ်ဝန်းကျင်ကောင်း တစ်ခုဖန်တီးရေး၊  ဒေသတည်ငြိမ် အေးချမ်းရေးနှင့်   လုံခြုံမှုရရှိရေး အတွက်     တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင် ရေး၊ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အခက်အခဲအတားအဆီး များ ကျော်လွှားနိုင်ရေးတို့နှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


တွေ့ဆုံပွဲတွင်  ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား     လက်ရှိ ဖြစ်ပေါ်နေသည့်      ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့်      ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ     ကိစ္စများအား  ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး   လက် ဆောင်ပစ္စည်းများ    ပေးအပ်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်