အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မတ်   ၂၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
 

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား        စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု     ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ    ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) နာယက  ဦးခွန် ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူ ဒီမိုကရက်တစ်  အစည်းအရုံး   (LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စောကျော် သန်းဌေး၊ KNU/KNLA  ငြိမ်းချမ်းရေး ကောင်စီမှ      ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်   စောမောင်မောင်၊ မွန်ပြည် သစ်ပါတီ(NMSP)မှ   ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်း ပြည်    ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် စဝ်ဆောင်းဟန်တို့ပါဝင်သည့် ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား     ပြောကြားရာတွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်း အနား၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်မိန့်ကြားခဲ့သည့် NCA နှင့် စပ်လျဉ်း သည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ   ရပ်တန့်နိုင် ရေးဆိုင်ရာကိစ္စရပ်များ၊  တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ  မူဝါဒ   ၆   ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 
ယင်းနောက်   တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက နှုတ်ခွန်းဆက်စကား  ပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ   စဉ်ဆက် မပြတ်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးကိစ္စများ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်  ဦးဆောင်အဖွဲ့(PPST) အား    ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။
ထို့နောက်      လူသားချင်းစာနာ ထောက်ထားမှု  အကူအညီပေးရေးကိစ္စ များနှင့်ပတ်သက်၍       လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် INGO အဖွဲ့တို့အကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက်  လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေးစီမံကိန်း”    လျာထားဆောင်ရွက်နိုင် မည့်အခြေအနေ များကို  လည်းကောင်း    အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်၍   တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား   ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသား     စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ    ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က   နိဂုံးချုပ်အမှာ စကားများပြောကြားခဲ့ပြီး  လက်ဆောင် ပစ္စည်းများပေးအပ်ကာ တွေ့ဆုံဆွေးနွေး ပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။ 
မွန်းလွဲပိုင်းတွင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပွဲကို    ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင်    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ပြီးခဲ့ သည့်  ဖေဖော်ဝါရီလအတွင်း   နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည်ဟု    သုံးသပ်ယူဆ ရသည့် ပြဋ္ဌာန်းချက်များအပေါ်   နိုင်ငံရေး ပါတီများ၏ သဘောထားများ  ဆွေးနွေး ရန်ကိစ္စ၊ ညှိနှိုင်းရေးကော်မတီနှင့်ဆက်လက် တွေ့ဆုံဆွေးနွေးမည့် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့်အလုပ်အဖွဲ့တို့   ဖွဲ့စည်းနိုင်ရေး ကိစ္စများအား  ရှင်းလင်းပြောကြားသည်။  
ထို့နောက် ညှိနှိုင်းရေးကော်မတီအဖွဲ့ ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည့်    အချက်များနှင့် ပတ်သက်၍လည်းကောင်း၊   ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်က ညှိနှိုင်းရေးကော်မတီ၏ Vision နှင့် Mission များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး မှုအခြေအနေများနှင့် NCA ၏   မဟာ ဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက်မှုအခြေ အနေများကို လည်းကောင်း   ရှင်းလင်း ပြောကြားကြသည်။ 
ယင်းနောက်  ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်   ဗိုလ်မှူးကြီး    ဝဏ္ဏအောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 
ဆက်လက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ  ဦးအေးလွင်က ကျေးဇူးတင် စကားပြောကြားပြီး ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိဂုံးချုပ် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                
 သတင်းစဉ်