အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၄


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ  ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့   နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင် ခွင့်ပြုပြီး  နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌ များ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့  တွေ့ဆုံရာတွင်   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်က ယခင်နိုင်ငံရေးပါတီများ    အစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေ၊  နိုင်ငံရေး ပါတီများ၏     အပြုသဘောဆောင်သည့် အကြံပြုချက်များ    ရယူခဲ့မှုအခြေအနေ၊ ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်မည့် အခင်း အကျင်းများ၊    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင်   နိုင်ငံရေးပါတီများ၏  အခန်းကဏ္ဍ အရေးပါပုံ၊    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ  အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးသောပုဒ်မများ ပြင်ဆင်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေ နှင့်  ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များအား     ရှင်းလင်းဆွေးနွေးပြောကြား သည်။  ထို့နောက်  ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်   ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ် ရှိန်က      တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းထား သည့်   ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ    ဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈  ခုနှစ်) ပြင်ဆင်ရေးဆိုင်ရာကိစ္စများအား ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက်  တက်ရောက်လာကြသူ များက        နိုင်ငံတည်ငြိမ်အေးချမ်းရေး အတွက်  ပူးပေါင်းဆောင်ရွက်ရန် လိုအပ် သည့်   ကိစ္စရပ်များ၊    နိုင်ငံရေးပါတီများ အစုအဖွဲ့  ဖွဲ့စည်းနိုင်ရေးကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်သင့်သည့်အချက် များ၊ လွှတ်တော်များ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ မိမိတို့၏ သဘောထားအမြင် များ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပြီး  ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး          ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က     ဆွေးနွေးအကြုံပြုချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က   နိဂုံးချုပ် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်