အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၂၂


အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)   ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု      ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။ 


တွေ့ဆုံဆွေးနွေးပွဲသို့  အမျိုး သား      စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ    အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊  ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်  စဝ်ဆောင်း ဟန်နှင့်    စဝ်အုမ်ခေး၊   ဗဟိုဦးစီး ကော်မတီဝင်    စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျန်းတို့ တက်ရောက်ကြ သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပထမ နေ့ ဆွေးနွေးပွဲ၌     မပြီးသတ် သေးသည့်ကိစ္စရပ်များ၊     ငြိမ်းချမ်း ရေး    ညီလာခံကျင်းပရေးကိစ္စ နှင့်      အထွေထွေကိစ္စရပ်များ အား  ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ၂ ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ    နှစ်ဖက် သဘောထားများကို  မှတ်တမ်း တင် လက်မှတ်ရေးထိုးကြသည်။ 


ယင်းနောက်     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု      ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အတွင်းရေးမှူး  (၁)  စဝ်စိုင်းငင်း တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားပြီး လက်ဆောင်ပစ္စည်း များ   ပေးအပ်ခဲ့ကြောင်း    သိရ သည်။

သတင်းစဉ်