အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာသုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာသုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်

နေပြည်တော်     ဩဂုတ်    ၂၃
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊    NCA လက်မှတ်     ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား       စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း  ရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးသည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့  အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ  ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်     ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ   အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။
ထိုသို့      တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လည်းကောင်း၊ NCA  လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)ဥက္ကဋ္ဌ  စောမြရာဇာ လင်းကလည်းကောင်း၊ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ကိုယ်စား    ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ  ဒေါက်တာအေးမောင်က လည်းကောင်း    နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။  
ယင်းနောက်    ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး  မင်းနိုင်က  တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ   အကြောင်း အရာများကို ရှင်းလင်းပြောကြား ပြီး တက်ရောက်လာကြသူများက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊  လက်ရှိ   ပကတိ ဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား    ဆွေးနွေးရာ တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်    နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ဦးစား ပေးဆောင်ရွက်စေလိုသည့်အခြေ အနေများ၊       တိုင်းရင်းသား လက်နက်ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ် ရာ၌ လိုအပ်သည့်ပူးပေါင်းမှုများဆောင်ရွက်ပေးနိုင်မည့်   အခြေ အနေများနှင့်ပတ်သက်၍ မိမိတို့၏ သဘောထားအမြင်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေး  ကော်မတီ ဥက္ကဋ္ဌ      ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျေးဇူးတင် စကားပြောကြားကာ   စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြ ပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။                သတင်းစဉ်