အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မေ   ၁၂ 


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)တို့ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံပွဲသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊   ပြည်ထောင်စုအစိုးရအဖွဲ့ရုံး   ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးနှင့် ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

 


တွေ့ဆုံပွဲတွင်  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး တို့က   နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက်   တက်ရောက် လာကြသူများက PR စနစ်ဖြင့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပ ရေးကိစ္စ၊ ရွေးကောက်ပွဲနှင့်  ဆက်စပ်သော  ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ ရပ်များ၊   ကရင်ပြည်နယ်အတွင်း   ငြိမ်းချမ်းရေးနှင့်   ပတ်သက်သည့် ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခများ လျှော့ချ ရေးနှင့် တိုက်ပွဲရှောင်ပြည်သူလူထု၏ အခက်အခဲများ ဖြေရှင်းဆောင်ရွက် သွားရေးကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


သတင်းစဉ်