အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မတ်    ၆


အမျိုးသား      စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့၏   အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင်   နေပြည်တော်ရှိ    အမျိုး သား      စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု     ဗဟို ဌာန       အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ    ဥက္ကဋ္ဌ ပြည်ထောင်စု     အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)  ပြည်ထောင်စု ဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်     ကော်မတီဝင်များ၊  နိုင်ငံရေးပါတီများ     အစုအဖွဲ့၏  အလုပ်အဖွဲ့ခေါင်းဆောင်      ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့်  အလုပ်အဖွဲ့    ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


အမှာစကားပြောကြား


တွေ့ဆုံပွဲတွင်     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး  ဖော်ဆောင်မှု     ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ များ    အစုအဖွဲ့၏      အလုပ်အဖွဲ့ ခေါင်းဆောင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်း ဆက် အမှာစကားပြောကြားကြ သည်။

 


ဆွေးနွေးညှိနှိုင်း


ထို့နောက်   ၂၀၂၀    အလွန်  အဆင့်လိုက်  လုပ်ငန်းစဉ်များနှင့်  အဆင့်လိုက်  အကောင်အထည် ဖော်မှုများ (ဇယား-၂) ပါ ကိစ္စရပ် များနှင့်    စပ်လျဉ်း၍    နှစ်ဖက် အပြန်အလှန်        ဆွေးနွေးညှိနှိုင်း ကြသည်။

 


နိဂုံးချုပ်အမှာစကားပြော


ယင်းနောက်    နိုင်ငံရေးပါတီ များ   အစုအဖွဲ့၏   အလုပ်အဖွဲ့ ခေါင်းဆောင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး   ဖော်ဆောင်မှု    ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာ စကားပြောကြားကြကာ တွေ့ဆုံပွဲ ကို   မွန်းလွဲပိုင်းတွင်    ရုပ်သိမ်း လိုက်သည်။

သတင်းစဉ်