အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အာဆီယံဥက္ကဋ္ဌအဖွဲ့အားတွေ့ဆုံ

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

 

နေပြည်တော်   ဧပြီ   ၂၀


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် ကမ္ဘောဒီးယား နိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့ အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက  နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု    ဗဟိုဌာန၌    လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ညှိနှိုင်းရေးကော်မတီ   အတွင်း ရေးမှူးက    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်   အကောင် အထည်ဖော်    ဆောင်ရွက်နေမှု၊     တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး မှုအခြေအနေ၊   လူသားချင်းစာနာထောက်ထားမှု  အကူအညီပေးရေးဆိုင်ရာ       ကိစ္စရပ်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေမှု  အခြေအနေများကို ရှင်းလင်းပြောကြား သည်။ 

 


ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီး နှင့်   အာဆီယံဥက္ကဋ္ဌ၏     အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak က     မြန်မာနိုင်ငံအတွက်        လူသားချင်းစာနာ ထောက်ထားမှု       အကူအညီပေးရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးကိစ္စ၊       မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်း ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 

 


ထို့နောက် နှစ်ဖက်သိရှိလိုသည်များကို အပြန် အလှန်   ရင်းရင်းနှီးနှီး  အမြင်ချင်းဖလှယ်  ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။            

 

သတင်းစဉ်