အမျိုးသားစာကြည့်တိုက်(ရန်ကုန်) (သို့) ပညာသိုက်

Type
၅

 

ဒေါက်တာသန့်စင် (ရူပဗေဒ)

 

စာကြည့်တိုက်ကောင်းဆိုသည်မှာ ကမ္ဘာ့ ပညာစုံစုရာ     ရတနာသိုက်ဖြစ်ပါသည်။   ဘယ်လို            အကြောင်းအရာနှင့် စာပုရပိုက်မျိုးလိုသည်ဖြစ်စေ လွယ်လင့် တကူရနိုင်သည်။  

 

   
  (တိုက်စိုး - ပညာသိုက်စာအုပ် စာ-၂၄ )


စာရေးသူသည်   စာကြည့်တိုက်ကို ခင်မင်သူ၊  အမြတ်တနိုးသုံးစွဲသူတစ်ဦး ဖြစ်ပါသည်။   ပညာရေးဝန်ထမ်းဘဝ ရောက်ရှိရာနိုင်ငံတိုင်းတွင်   စာကြည့် တိုက်များ၊  ပြတိုက်များသို့ သွားရောက် လေ့လာခဲ့သည်။             မြန်မာနိုင်ငံရှိ မြို့နယ်များသို့    တာဝန်အရဖြစ်စေ၊ အလည်အပတ်ဖြစ်စေ   ရောက်ရှိပါက သက်ဆိုင်ရာစာကြည့်တိုက်၊    ပြတိုက် များသို့     သွားရောက်လေ့ရှိပါသည်။  ဝန်ထမ်းဘဝ  တက္ကသိုလ်အသီးသီးသို့ ပြောင်းရွှေ့    တာဝန်ထမ်းဆောင်ရာတွင် လည်း   မိမိရောက်ရှိရာ   တက္ကသိုလ်ရှိ  စာကြည့်တိုက်အတွက် စာအုပ်စာတမ်း စာစောင်များကို လှူဒါန်းပေးခဲ့သည်။  
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် အမှတ် ၆၀၄ / ၆၀၈၊ (၃၁) လမ်း နှင့် (၃၂)  လမ်းကြား   ကုန်သည်လမ်း ပန်းဘဲတန်းမြို့နယ်   ရန်ကုန်မြို့တွင် တည်ရှိသည်။  အထပ်လေးထပ်ရှိသည့် ကျယ်ဝန်းသည့် အဆောက်အအုံဖြစ်ပါ သည်။ စာအုပ်စာတမ်းပေါင်း ကိုးသိန်း ကျော်နှင့်  ရှေးဟောင်းရှားပါးစာအုပ် စာစောင်၊ ပေပုရပိုက်၊  မဂ္ဂဇင်း၊  သတင်း စာ၊ ဂျာနယ်၊   ပြန်တမ်း  စသည်တို့အပြင် နိုင်ငံတကာထုတ်   စာအုပ်စာစောင် များကို သက်ဆိုင်ရာအခန်းများအလိုက် စင်တင်စနစ်၊       စင်ဖွင့်စနစ်များဖြင့် ထားရှိပါသည်။  မည်သူမဆို  လာရောက် ဖတ်ရှုနိုင်ရန်  တနင်္ဂနွေ၊  တနင်္လာနှင့် ပြန်တမ်းဝင်     ရုံးပိတ်ရက်များမှအပ အင်္ဂါနေ့မှ  စနေနေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ် ထားရှိပါသည်။  

 


အုပ်စုလိုက် နည်းပညာ ဖလှယ်ဆွေးနွေးနိုင်


အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် ရည်ညွှန်းဝန်ဆောင်မှု၊ စာဖတ်ခန်း ဝန်ဆောင်မှု၊      စာငှားဝန်ဆောင်မှု၊ Multimedia Room Service၊ Digital Library Room Service မူပိုင်ခွင့်ဥပဒေ ပါ   ပြဋ္ဌာန်းချက်များနှင့်အညီ   မိတ္တူ ကူးခြင်း၊      ဒစ်ဂျစ်တယ်ပုံစံပြောင်းခြင်း ဝန်ဆောင်မှုများ၊ Audio Video Room Service၊    မသန်စွမ်းသူများအတွက် စာဖတ်ခန်း      ဝန်ဆောင်မှုတို့အပြင် ကလေးစာကြည့်တိုက်  စသည်တို့ပါရှိပြီး   စာတမ်းဖတ်ပွဲများ       ပြုလုပ်နိုင်သည့် အခန်းများ၊     အုပ်စုလိုက်    နည်းပညာ ဖလှယ်ဆွေးနွေးနိုင်သည့်    အခန်းများ လည်း ပါရှိသည်။  
အပတ်စဉ်          စနေနေ့များတွင် ကလေးများအတွက်    ဗဟုသုတရဖွယ် ခေါင်းစဉ်များ၊   ပုံပြင်များ   ပြောပြခြင်း၊ ရုပ်ရှင်ဇာတ်ကားအတိုများနှင့်   ဗီဒီယို အခွေများ   ဖွင့်ပြခြင်းများ   ပြုလုပ်ပေး လေ့ရှိပါသည်။       သက်ဆိုင်ရာကျောင်း များမှ     ကျောင်းသား  ကျောင်းသူများ လာရောက်လေ့လာရန်    ကြိုတင်စီစဉ် ဆက်သွယ်ပါက   လိုအပ်သည်များကို စာကြည့်တိုက်ဝန်ထမ်းများက   စိတ်ပါ ဝင်စားစွာ ရှင်းလင်းပြသပေးသည်။  

 


မိဘများအနေဖြင့် ကလေးငယ်များ အလေ့အကျင့်ရစေရန် စာကြည့်တိုက်သို့ ခေါ်ဆောင်သွားသင့်


စာရေးသူ      စိတ်ဝင်စားသည်မှာ လွတ်လပ်ရေးမရမီက   ထုတ်ဝေသော စာအုပ်စာစောင်၊ သတင်းစာ၊ ဂျာနယ်များ ကို  ရည်ညွှန်းစာဖတ်ခန်းတွင် ဖတ်ရှုနိုင် ခြင်းဖြစ်သည်။  လိုအပ်ပါက  စာကြည့် တိုက်မှ   တာဝန်ရှိသူ၏    ခွင့်ပြုချက်ဖြင့် မိတ္တူကူးယူနိုင်သည်။   ကလေးစာကြည့် တိုက်တွင် ကလေးများဖတ်ရှုနိုင်ရန် ရုပ်ပြ စာအုပ်များ၊  စီဒီခွေများ၊  ပုံပြင်၊  ဂျာနယ်၊ ကာတွန်းစာအုပ်များ၊   ဗဟုသုတရဖွယ် စာအုပ်များကို   အင်္ဂလိပ်-မြန်မာဘာသာ များနှင့်  မိမိကြိုက်နှစ်သက်ရာ   ဖတ်နိုင် သည်။   မိဘများအနေဖြင့်    မိမိတို့၏ ကလေးငယ်များကို   ငယ်စဉ်ဘဝမှာပင် စာပေပညာဖတ်ရှုသည့်   အလေ့အကျင့် များရစေရန် ကျောင်းပိတ်ရက်  စနေနေ့ များတွင်  ခေါ်ဆောင်သွားပြီး   ကလေး စာကြည့်တိုက်ကို  အသုံးပြုသင့်သည်။
မသန်စွမ်းသူများအတွက် စာဖတ်ခန်း တွင်   မသန်စွမ်းသူများ   ဖတ်ရှုနိုင်ရန် အတွက်     သီးသန့်ထုတ်ဝေထားသော စာအုပ်များ၊ ကြည့်ရှုနားဆင်နိုင်ရန် ဗီဒီယို ခွေများ၊  စီဒီချပ်များနှင့် ကွန်ပျူတာများ ထားရှိပါသည်။  ထို့အပြင် Multimedia Room    တွင်လည်း    ကွန်ပျူတာများကို အသုံးပြုပြီး အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ Digital Library ခန်း တွင် e-book စာအုပ်များ၊ ဒစ်ဂျစ်တယ် စနစ်  ပြောင်းလဲပေးထားသော  ရှားပါး စာအုပ်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။  

 


အမျိုးသား စာကြည့်တိုက် (ရန်ကုန်)ကို ပြုပြင်မွမ်းမံ ဖွင့်လှစ်


မြန်မာနိုင်ငံ    အမျိုးသားစာကြည့် တိုက်သည် နေရာပြောင်းရွှေ့မှု မကြာခဏ ဖြစ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် မြူနီစီပယ် အဆောက်အအုံ (မြို့တော်ခန်းမ)၊  ၁၉၅၂   ခုနှစ်တွင်   ဂျူဗလီဟော    (စစ်သမိုင်း ပြတိုက်)၊ ၁၉၆၂  ခုနှစ်တွင် အမှတ် (၁၆၆) ပန်းဆိုးတန်းလမ်း   ရန်ကုန်မြို့၊    ၁၉၈၄  ခုနှစ်တွင် ခြောက်ထပ်ရုံး ကမ်းနားလမ်း ရန်ကုန်မြို့၊  ၁၉၉၅  ခုနှစ်တွင်   တာမွေ မြို့နယ်    အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်း၊   ၂၀၀၈ - ၂၀၁၉   ခုနှစ်တွင်   ရန်ကင်းမြို့နယ်  သီရိမင်္ဂလာ လမ်းသွယ်       ကမ္ဘာအေးဘုရားလမ်း စသည့်နေရာများသို့    ပြောင်းရွှေ့ခဲ့ပြီး    ၂၀၁၃ ခုနှစ် မေလတွင် အမျိုးသားစာကြည့် တိုက် (နေပြည်တော်) ကို ဖွင့်လှစ်နိုင်ခဲ့ပါ သည်။ ၂၀၁၇ ခုနှစ်တွင် ယခုအမျိုးသား စာကြည့်တိုက် (ရန်ကုန်) ကို အဆောက် အအုံ   ပြုပြင်မွမ်းမံခြင်းပြုကာ  ၂၀၂၀   ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။  
စာကြည့်တိုက်ပညာရှင်ကြီး   ဆရာ ဦးသန်းထွတ်  (တိုက်စိုး) ၏  ပညာသိုက် စာအုပ်  (စာ ၄၀-၄၁) တွင် “အမျိုးသား စာကြည့်တိုက်သည်  နိုင်ငံတစ်နိုင်ငံတွင် အကြီးအချုပ်      စာကြည့်တိုက်ဖြစ်လေ သည်။ ယေဘုယျအားဖြင့် နိုင်ငံကိုယ်စား ပြုသော      နိုင်ငံ၏တစ်ခုတည်းသော စာကြည့်တိုက်ဟုဆိုရာသည်။  သို့သော် နိုင်ငံ၏ထူးခြားသော   သမိုင်းကြောင်း ကိုလိုက်၍ အချို့နိုင်ငံများတွင် တစ်ခုစီ၊ အချို့နိုင်ငံများတွင်    နှစ်ခု၊   သုံးခုစီ ရှိတတ်၏။”ဟုလည်းကောင်း၊ အမျိုးသား စာကြည့်တိုက်၏        ထူးခြားသော လက္ခဏာများမှာ (က) ထိုစာကြည့်တိုက် တွင် နိုင်ငံတွင်းထုတ်  စာအုပ်စာတမ်း များ   အစုံအလင်ဆုံးဖြစ်ခြင်း၊ (ခ) နိုင်ငံ လုံးဆိုင်ရာ    စာကြည့်တိုက်စနစ်တွင်   ဦးစီးဦးဆောင်ဖြစ်ခြင်း၊  (ဂ)   ပညာ ရှာဖွေရေး နှင့်စပ်၍ ပြည်သူလူထုတစ်ရပ် လုံး၏  မှီခိုလဲလျောင်းရာ    ဖြစ်ခြင်းပေ တည်းဟုလည်းကောင်း     ရေးသားထား သည်ကို ဖတ်ရှုရပါသည်။ ယခုအမျိုးသား စာကြည့်တိုက်   (ရန်ကုန်)  သည် အထက်ပါအချက်များနှင့်       ပြည့်စုံသော စာကြည့်တိုက်တစ်ခု ဖြစ်ပါသည်။

 


စာကြည့်တိုက်အမျိုးအစားအမျိုးမျိုးရှိ


စာကြည့်တိုက်အမျိုးအစားများတွင် အမျိုးသားစာကြည့်တိုက်၊       တက္ကသိုလ် စာကြည့်တိုက်၊  သုတေသနအဖွဲ့အစည်း စာကြည့်တိုက်၊    ပြည်သူ့စာကြည့်တိုက်၊ အထူးစာကြည့်တိုက်၊    မြို့နယ်အလိုက် ပြန်ကြားရေးဝန်ကြီးဌာနက   ဖွင့်လှစ် သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးများ၏   စာကြည့်တိုက်၊ ပုဂ္ဂလိကစာကြည့်တိုက်၊       ကျောင်း စာကြည့်တိုက်၊  ကျေးရွာစာကြည့်တိုက်        စသည်ဖြင့် အမျိုးမျိုးရှိပါသည်။  
ယခုအခါ  စာကြည့်တိုက်ယဉ်ကျေးမှု သည်     များစွာပြောင်းလဲသွားသည်။  စာကြည့်တိုက်ကို စာပေဖတ်ရှုရာတစ်ခု တည်းမဟုတ်ဘဲ       စာပေဟောပြောပွဲ၊ ပန်းချီပြပွဲ၊ စာတမ်းဖတ်ပွဲ၊    စာအုပ်ပြပွဲ၊ အထိမ်းအမှတ်ပြပွဲများအပြင် စာကြည့် တိုက်များတွင် လာရောက်ကာ နှစ်သက် ရာသီချင်း၊ ဂီတနားထောင်နိုင်ရန် ခန်းမ များ၊ အစားအသောက်နှင့် အမှတ်တရပစ္စည်းရောင်းချရာဆိုင်များ  စသည်တို့ ပါဝင်လာကာ  လူထုဆက်ဆံရေး    ပိုမို ကျယ်ပြန့်လာရန်    ဆောင်ရွက်ပေးထား သည်။  တချို့နိုင်ငံများတွင် အဆင့်မြင့် ဈေးဝယ်စင်တာများ၌    စာကြည့်တိုက် ငယ်များကိုတွဲ၍    ဖွင့်လှစ်လာကြပါ သည်။   မိခင်များ   ဈေးဝယ်နေချိန်တွင် ကလေးများကို        စာကြည့်တိုက်တွင် ထားရှိကာ ရုပ်ပြများဖတ်ရှုရန်၊ ရုပ်ရှင် ဇာတ်ကားတိုများ     ကြည့်ရှုနိုင်ရန်၊ ကစားနိုင်ရန်   ထိုစာကြည့်တိုက်ငယ် များတွင်         ထည့်သွင်းထားသည်။  စာကြည့်တိုက်အချင်းချင်း     Online  စနစ်ဖြင့်    ဆက်သွယ်၍      ချိတ်ဆက် ငှားရမ်းနိုင်ရန် ဆောင်ရွက်ထားသည်။ 

 


အသိပညာ၊ အတတ်ပညာကို ဦးစား ပေးသော ယနေ့အချိန်တွင်  မိမိတို့၏ လူနေမှုအဆင့်အတန်း   မြင့်မားရန်နှင့် ကမ္ဘာကြီး၏  ပြောင်းလဲမှုဖြစ်စဉ်များကို အမြဲမပြတ်လေ့လာနိုင်ရန်       စာအုပ် စာပေများ၊  သတင်းစာများကို လေ့လာ ဖတ်ရှုနေရမည်။   ထို့ကြောင့်   စာအုပ် စာပေများစုဝေးရာ  စာကြည့်တိုက်များ ကို      အသုံးပြုခြင်းဖြင့်    မိမိဘဝကို မြှင့်တင်ပါရန်        တိုက်တွန်းရေးသား လိုက်ရပါသည်။        ။