အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်

 

ညောင်ဦး   နိုဝင်ဘာ   ၂၄


နိုဝင်ဘာ ၂၈  ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ရိုက်ကူး ခြင်းအား ညောင်ဦး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊        လူထု အခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ နံနက် ၈ နာရီက ရိုက်ကူးသည်။

 


Talk  Show  အစီအစဉ်ကို ညောင်ဦးမြို့၊ အခြေခံပညာ အထက် တန်းကျောင်းမှ အလယ်တန်းပြဆရာမကြီး  ဒေါ်ကျော့ကျော့ခိုင်နှင့်     ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာတို့က Online Talk  Show  အစီအစဉ်အဖြစ်  ဆွေးနွေး ရိုက်ကူးခဲ့သည်။   အမျိုးသားအောင်ပွဲနေ့အကြောင်း    ပြည်သူများ၊        ကျောင်းသားကျောင်းသူများ  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်  ဆရာမ ဒေါ်ကျော့ကျော့ခိုင်က    အမျိုးသားအောင်ပွဲနေ့သည်  မြန်မာ့သမိုင်း ကြောင်း၏ မမေ့အပ်သော နေ့တစ်နေ့ဖြစ်ကြောင်းတို့ကို ဆွေးနွေးကြ သည်။                              

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)