အမျိုးသား အမျိုးသမီး တန်းတူညီမျှရှိစွာ လုပ်ငန်းရပ်များကို လုပ်ဆောင်နိုင်စေခြင်းဖြင့် နိုင်ငံအတွက် အင်အားများ ပိုမိုဖြစ်စေမည်

 

မုံရွာ   နိုဝင်ဘာ   ၂၅


၂၀၂၂  ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌  ကျင်းပသည်။

 


နိုင်ငံ့လူဦးရေတစ်ဝက်ကျော်ရှိသည့် အမျိုးသမီးထု စွမ်းအားကို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိစေသည့် လုပ်ငန်း များတွင်     ပါဝင်စေရန်လိုအပ်ကြောင်း၊    အမျိုးသား အမျိုးသမီး  တန်းတူညီမျှရှိစွာ၊   သာတူညီမျှရှိစွာ လုပ်ငန်းရပ်များကို       လုပ်ဆောင်နိုင်စေခြင်းဖြင့် စွမ်းအားအပြည့် နိုင်ငံအတွက် အင်အားများ ပိုမိုဖြစ် စေမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သည့် “အမျိုးသမီးများ အပေါ်   အကြမ်းဖက်မှု  အဆုံးသတ်ရေး  အားလုံး ပေါင်းစုလှုပ်ရှားပေး” ခေါင်းစဉ်အတိုင်း အမျိုးသမီး များအပေါ် အကြမ်းဖက်နေသည့်  အပြုအမူများကို  အဆုံးသတ်စေရန်အတွက်   အားလုံးပေါင်းစုကာ လှုပ်ရှားဆောင်ရွက်ပေးရန် ပြောကြားသည်။ 

 


ယင်းနောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအကြောင်းကို    ရှင်းလင်းပြောကြားပြီး  တိုင်းဒေသကြီး         လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ အမျိုးသမီးငယ်များက Brake the Chain သီချင်းဖြင့် ကပြဖျော်ဖြေကာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး Video Clip ကို    ကြည့်ရှုအားပေး ကြောင်း သိရသည်။      

တိုင်းဒေသကြီး(ပြန်/ဆက်)