အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများ ကျင်းပမည်

 

ရန်ကုန်    နိုဝင်ဘာ   ၇


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်      ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက     စီစဉ် ကျင်းပမည့်  အမျိုးသား၊  အမျိုးသမီး  ဖူဆယ် ပြိုင်ပွဲများကို    နိုဝင်ဘာလနှင့်     ဒီဇင်ဘာလ အတွင်း ကျင်းပသွားမည်ဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်  သဲသောင်ပြင်     ဘောလုံးကော်မတီအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင်   ပြိုင်ပွဲများဆက်တိုက် ကျင်းပမည်ဖြစ်ပြီး    အမျိုးသား၊    အမျိုးသမီး ပြိုင်ပွဲများ    ကျင်းပပြီးနောက်    ဖူဆယ်လိဂ် ပြိုင်ပွဲများ   ဆက်လက်ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာလတွင် အမျိုးသားပြိုင်ပွဲအဖြစ် MFF Rhino Futsal Championship 2023 ပြိုင်ပွဲ၊ ဒီဇင်ဘာလတွင် အမျိုးသမီးပြိုင်ပွဲအဖြစ် MFF Women's Futsal Championship 2023 ပြိုင်ပွဲ    ကျင်းပမည်ဖြစ်သည်။    MFF Rhino Futsal    Championship   2023   ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှစတင်၍ အသင်း‌စုစုပေါင်း ၂၆    သင်းဖြင့်     ကျင်းပသွားမည်ဖြစ်သည်။


MFF Rhino Futsal Championship 2023 ပြိုင်ပွဲတွင် ဖူဆယ်လိဂ်-၁   ပြိုင်ပွဲဝင်   အသင်းခုနစ်သင်း၊   ဖူဆယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်းခြောက်သင်း၊ Carabao Amateur Cup ပြိုင်ပွဲမှ အသင်းခုနစ်သင်း၊  မန္တလာဖူဆယ်လိဂ်မှ  အသင်း  ခြောက်သင်း     ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။    MFF Women's Futsal Championship 2023 ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်မှ စတင်၍ အသင်းစုစုပေါင်း ၁၀ သင်းဖြင့် အုပ်စု နှစ်ခုခွဲကာ ကျင်းပသွားရန် စီစဉ်ထားသည်။


အမျိုးသမီး ဖူဆယ်အားကစားသမားများ ထွက်ပေါ်လာ စေရန် MFF Women's Futsal Championship 2023 ပြိုင်ပွဲ စတင်ကျင်းပခြင်းဖြစ်ပြီး နှစ်စဉ်ကျင်းပနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်သည်။                                          

ရဲရင့်လွင်