အမိန့်ကြော်ငြာစာ

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ်  ၄၈  /၂၀၂၁
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း    ၁၁   ရက်
( ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ   ၁၄   ရက် )


၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂  တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။   
၂။    တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေ နိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏   ရည်ရွယ်ချက်များနှင့်အညီ   ပြည်တွင်းငွေကြေးသုံးစွဲမှုကို  တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍  တရုတ်-မြန်မာ  နှစ်နိုင်ငံနယ်စပ်ဒေသတွင်  ယွမ်/ကျပ်  တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။ 
၃။    ယွမ် /ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များ တွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏  ယွမ်စာရင်း ဖွင့်လှစ်ခွင့်ပြုသည်။
၄။    သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတွင်   ယွမ်/ကျပ်   တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာ  လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။ 
၅။    ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ 
    သန်းညိန်း        ဥက္ကဋ္ဌ        မြန်မာနိုင်ငံတော်ဗဟိုဘဏ်