အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့လက်ရွေးစင်အားကစားမောင်မယ်များဖြစ်လာအောင် အထူးကြိုးစား

 

နေပြည်တော်   နိုဝင်ဘာ   ၂


နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ သွားရောက်မယှဉ်ပြိုင်မီ သိရှိ ထားသင့်သည့်  တားမြစ်ဆေးဝါး၊ အားကစားစိတ်ပညာနှင့် စပ်လျဉ်း သော    အသိပညာများရရှိလာစေ ရန်ရည်ရွယ်၍     အားကစားနှင့် လူငယ်ရေးရာ          ဝန်ကြီးဌာနက ကြီးမှူး၍    မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၏   အားကစားသမား ကော်မတီက        “Stronger Together” ခေါင်းစဉ်ဖြင့် ပြုလုပ် သည့်   အလုပ်ရုံဆွေးနွေးပွဲ   ဖွင့်ပွဲ အခမ်းအနားကို      ယနေ့နံနက် ၉     နာရီတွင်    နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ   (B)   ၌ ကျင်းပသည်။

 


အခမ်းအနားတွင် အားကစား နှင့်     လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က နောင်လာမည့်   ပြည်တွင်း ဖိတ်ခေါ်ပြိုင်ပွဲများ၊ အရှေ့တောင် အာရှ၊     အာရှနှင့်   ကမ္ဘာ့အဆင့် အားကစား         ပြိုင်ပွဲများတွင် အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြင့်  အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်     မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြက်သော       နိုင်ငံ့ လက်ရွေးစင် အားကစားမောင်မယ် များဖြစ်လာအောင် အထူးကြိုးစား သွားကြစေလိုကြောင်း  ပြောကြား သည်။

 


ထို့နောက်         ဆွေးနွေးပွဲ အစီအစဉ်အရ          မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏  အားကစား သမား ကော်မတီဥက္ကဋ္ဌ   ဦးစိုးသိန်း က အားကစားကော်မတီလုပ်ငန်း များနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်း က    အားကစားသမားဘဝအပြီး ဘဝရည်မှန်းချက်  ချမှတ်နိုင်ရေး နှင့်    စပ်လျဉ်း၍လည်းကောင်း၊ ထားဝယ်တက္ကသိုလ်   စိတ်ပညာ ဌာန     ပါမောက္ခ     ဒေါက်တာ မေလွင်ငြိမ်းက            အားကစား စိတ်ပညာဆိုင်ရာ လေ့ကျင့်ရေးနှင့် ပညာရေး     ပေါင်းစပ်ဆောင်ရွက် နိုင်မှုများနှင့်  စပ်လျဉ်း၍   လည်း ကောင်း၊    အားကစားဆေးဘက် ဌာနခွဲ    ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက   တားမြစ် ဆေးဝါးနှင့်စပ်လျဉ်း၍    လည်း ကောင်း၊     မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၏    အားကစားသမား ကော်မတီ        အတွင်းရေးမှူး ဒေါ်စိုးစိုးမြာက        အားကစား ကော်မတီ၏           စည်းမျဉ်းပါ အားကစားသမားတစ်ဦး၏ တာဝန် များ၊ အခွင့်အလမ်းများနှင့် စပ်လျဉ်း ၍လည်းကောင်း    ဟောပြော ဆွေးနွေးပို့ချကြပြီး ညွှန်ကြားရေး မှူးချုပ်များက   အားကစားကဏ္ဍ နှင့်ပတ်သက်ပြီး  အားကစားသမား များ သိသင့်သိထိုက်သည်များကို သိရှိနားလည်စေရန်နှင့် အသိပညာ များတိုးပွားစေရန်     ဆွေးနွေး ပြောကြားကြသည်။

 


ယင်းနောက်    တက်ရောက် လာကြသူများက   အုပ်စု      ၁၀ ဖွဲ့ခွဲ၍     Guiding Questions များကို   အဖွဲ့ကိုယ်စားလှယ်များက ဆွေးနွေး           တင်ပြမှုများအပေါ် အားကစားသမား        ကော်မတီ အတွင်းရေးမှူး    ဒေါ်စိုးစိုးမြာက အနှစ်ချုပ်            ပြန်လည်ရှင်းလင်း ပြောကြားပြီး         ပြည်ထောင်စု ဝန်ကြီးက            ဆွေးနွေးပွဲတွင် ဟောပြော       ပို့ချပေးသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်၍ အားကစားသမားများမှ       တင်ပြ ဆွေးနွေးခဲ့သော   အကြောင်းအရာ များအနက်မှ    ဖြစ်သင့်ဖြစ်ထိုက် သည့်       အချက်အလက်များကို အမြန်ဆုံး   ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ပြော ကြားကာ ဆွေးနွေးပွဲကို   ရုပ်သိမ်း လိုက်သည်။

 


၂၀၂၃ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ် မြောက်      အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့   မြန်မာနိုင်ငံ ကိုယ်စားပြု  သွားရောက်ယှဉ်ပြိုင် ကြမည့်         အားကစားသမား များအနေဖြင့်        ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ   ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့်  ရွှေတံ     ဆိပ် ဆုများ               ဆွတ်ခူးရရှိရေးကို   မျှော်မှန်း၍        ယခုဆွေးနွေးပွဲကို   ဆောင်ရွက်ခြင်း          ဖြစ်ကြောင်း    သိရသည်။ 

 


အဆိုပါ       ဆွေးနွေးပွဲသို့ အားကစားနှင့်        လူငယ်‌ရေးရာ ဝန်ကြီးဌာန   ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ      အကြီးအကဲများ၊ အားကစားသမားကော်မတီဥက္ကဋ္ဌ နှင့်        ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော    ဧည့်သည် တော်များနှင့်   အားကစားသမား များ တက်ရောက်ကြသည်။ 


သတင်းစဉ်