အမေရိကန်တောင်ပိုင်း၌ အပူလှိုင်းကျရောက်လျက်ရှိပြီး လူ ၁၇ ဦးသေဆုံး

 

ဝါရှင်တန်   ဇွန်   ၂၉ 


အမေရိကန်တောင်ပိုင်းပြည်နယ်များ၌ အပူလှိုင်း ကျရောက်နေချိန်တွင်   တက္ကဆက်ပြည်နယ်တွင် လည်း အပူလှိုင်းအန္တရာယ်နှင့် ဆက်လက်ရင်ဆိုင် နေရပြီး    အပူလှိုင်းအန္တရာယ်ကြောင့်    လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

 


တက္ကဆက်တောင်ပိုင်း  ဝက်ဘ်စီရင်စုနယ်မြေ တွင်    ပုံမှန်မဟုတ်သော   အပူချိန်ပြင်းထန်မှုကြောင့် အသက် ၆၀ ကျော်ဒေသခံ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာစစ်ဆေးသူ   ဒေါက်တာ   ကိုရင် စတန်းက ဇွန် ၂၈ ရက်က ပြောကြားခဲ့သည်။ 

 


ယခုလို အပူချိန်ပြင်းထန်မှုမျိုးကို မိမိတို့ ယခင် က မတွေ့ဖူးခဲ့ကြောင်း   စတန်းက   ပြောသည်။ အပူလျှပ်ခြင်းကြောင့်  သေဆုံးခြင်းကို  အဓိပ္ပာယ် အားဖြင့်   မတော်တဆမှုအဖြစ်   သတ်မှတ်ထား သော်လည်း   ကြိုတင်ကာကွယ်၍   ရနိုင်ကြောင်း၊ ယခုသေဆုံးခြင်းများကို     ကြိုတင်ကာကွယ်နိုင် ကြောင်း ၎င်းက ပြောသည်။ 

 


ဖလော်ရီဒါမှ အသက် ၁၄ နှစ်အရွယ် အမျိုးသား တစ်ဦးလည်း          အပူချိန်ပြင်းထန်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ၎င်းသေဆုံးချိန်တွင် အပူချိန်မှာ ၁၁၉ ဒီဂရီဖာရင်ဟိုက် (၄၈ ဒီဂရီဆဲလ်စီးယက်စ်) ရှိကြောင်း သိရပြီး အဆိုပါပြည်နယ်အတွင်း ဒုတိယ အကြိမ်    မှတ်တမ်းတင်ဖော်ပြရမည့်    အမြင့်ဆုံး အပူချိန်ဖြစ်ခဲ့သည်။ 

 


အပူချိန်ပြင်းထန်မှုကြောင့် တက္ကဆက်ပြည်နယ် မှ အသက် ၁၇  နှစ်အရွယ်   တောင်တက်သမား တစ်ဦးလည်း    သေဆုံးခဲ့ကြောင်း     သိရသည်။ ဒဲလက်စ်ပြည်နယ်မှ စာပို့သမားတစ်ဦးနှင့် လူဝီစီယားနားကမ်းရိုးတန်းပြည်နယ်မှ    ဒေသခံနှစ်ဦး လည်း သေဆုံးခဲ့သည်။

 


တက္ကဆက်ပြည်နယ်အတွင်း အပူချိန်မြင့်တက် နေချိန်တွင် အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦး အပါအဝင် အကျဉ်းသား ကိုးဦးလည်းသေဆုံးခဲ့သည်။ 

 


စတန်း၏   ပြောကြားချက်အရ အပူချိန်မြင့်တက် မှုနှင့်ပတ်သက်သော သေဆုံးမှုများသည် အမေရိ ကန် - မက္ကဆီကိုနယ်စပ်အနီးတွင်လည်း  မြင့်တက် လာခဲ့ကြောင်း သိရသည်။ 

 


အမေရိကန်မိုးလေဝသဌာနက ဇွန် ၂၉ ရက်နှင့် ၃၀  ရက်များတွင်  တက္ကဆက်ပြည်နယ်၌   အပူချိန် မှာ ၁၁၀ မှ ၁၁၅ ဒီဂရီဖာရင်ဟိုက်အထိ  မြင့်တက် လာနိုင်ကြောင်း ပြောသည်။ ထို့အတူ အာကန်းဆက်၊ လူဝီစီယားနား၊ ကန်းဆက်စ်နှင့် အိုကလာဟိုးမားတို့ တွင်လည်း  အပူချိန်များ  မြင့်တက်လာနိုင်ကြောင်း သိရသည်။ 

ဆင်ဟွာ