
နယူးယောက် ဇန်နဝါရီ ၁၄
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အိမ်ခြံ မြေလုပ်ငန်းကို အခွန်တိမ်းရှောင်မှု အပါအဝင် အခြား သောစွဲချက်များအတွက် နယူးယောက်ရှိတရားရုံးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း ဒဏ်ရိုက်ခဲ့ သည်ဟု သိရသည်။
ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန် မထမ်းဆောင်မီ စီမံခန့်ခွဲခဲ့သည့် ထရမ့်အဖွဲ့အစည်း ကို အခွန်ရှောင်ရှားမှု၊ လိမ်လည်မှုအပါအဝင် အခြား သောစွဲချက်များဖြင့် ဒီဇင်ဘာလတွင် ပြစ်ဒဏ်ချမှတ် ခဲ့သည်။ ယခုကဲ့သို့ ဒဏ်ကြေးချမှတ်မှုမှာ ပြည်နယ် အခွန်နှင့် ပြစ်ဒဏ်ဥပဒေအောက်တွင် အများဆုံး ပြစ်ဒဏ်ဖြစ်သည့် မက်ဟန်တန် ခရိုင်ရှေ့နေက ပြောသည်။
ကော်ပိုရေးရှင်းကြီးများသည် ထောင်ဒဏ် မကျခံရသော်လည်း အကျိုးဆက်အနေဖြင့် ပြစ်ဒဏ် ချမှတ်မှုခံရကာ အခွန်အရာရှိများကို လိမ်လည်၍ မရနိုင်ကြောင်း သတိပေးမှုပင်ဖြစ်သည်ဟု ရှေ့နေ အယ်ဗင်ဘရက်က ပြောသည်။ ကုမ္ပဏီ၏ ဘဏ္ဍာ ရေး အရာရှိဟောင်းအယ်လင် ဝိုက်ဆင်အယ်လ်ဘတ် မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်က ထောင်ဒဏ် ငါးလ ပြစ်ဒဏ်ကျခံရသည်။
ယင်းပြစ်မှုများအတွက် ထရမ့်မှာ တာဝန်မရှိ သော်လည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ အတွက်မူ ရိုက်ခတ်မှုဖြစ်လာနိုင်သည်။
အင်န်အိတ်ချ်ကေ