
ဝါရှင်တန် နိုဝင်ဘာ ၈
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမည့်အင်္ဂါနေ့တွင် ကြီးကျယ်ခမ်းနားသည့် ကြေညာချက်တစ်ခု ကြေညာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်အကြောင်း ကြေညာမည်ဖြစ်သည်။
အိုဟိုင်းယိုးပြည်နယ်၌ ရီပတ်ဘလီကင် ပြည်သူများ ကြားဖြတ်ရွေးကောက်ပွဲတွင် အရွေးခံ ရန် မဲဆွယ်စည်းရုံးနေစဉ် ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အကြောင်း ထရမ့်က မှတ်ချက်ပြုပြောကြားလိုက် ခြင်း ဖြစ်သည်။
ထရမ့်က ၎င်း၏ ဖလော်ရီဒါနေအိမ်ဖြစ်သည့် မာရာလာဂိုးတွင်လည်း ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အကြောင်း ကြေညာမည်ဖြစ်သည်။ အမေရိကန် မီဒီယာများကလည်း ထရမ့်သည် သမ္မတလောင်း အဖြစ် မကြာမီကြေညာသွားရန် စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။ ယခုတစ်ကြိမ်တွင် ရီပတ်ဘလီကင် ပါတီသည် လွှတ်တော်တွင် နေရာအများစုရမည် ဟု မျှော်လင့်လျက်ရှိသည်။
အောက်လွှတ်တော်တွင် အမတ်နေရာ ၄၃၅ ခုစလုံးနှင့် အထက်လွှတ်တော်တွင် အမတ်နေရာ ၁၀၀ အနက် ၃၅ နေရာကို သိမ်းပိုက်ရန် ကြိုးစား လျက်ရှိသည်။ တချို့ နိုင်ငံရေးသုံးသပ်သူများက ရီပတ်ဘလီကင်ပါတီသာ အနိုင်ရရှိခဲ့ပါက ထရမ့်သည် ၎င်း၏အောင်မြင်မှုကို သိမ်းပိုက်နိုင် မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ