
ဝါရှင်တန် ဒီဇင်ဘာ ၁
အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်က သူ့တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း နိုဝင်ဘာ ၃၀ ရက်က ပြောကြား လိုက်သည်။
အသက် ၇၆ နှစ်ရှိ ဘီလ် ကလင်တန်က သူသည် ကိုဗစ်-၁၉ အပျော့စားရောဂါလက္ခဏာ များ ခံစားနေရကြောင်း၊ သို့သော် လည်း နေအိမ်တွင် အလုပ်များ လျက်ရှိပြီး အခြေအနေကောင်းမွန် လျက်ရှိကြောင်း တွစ်တာတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး များနှင့် အပိုဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးထားသော အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်က လူတိုင်းလူတိုင်း သူ့လိုကာကွယ်ဆေးများ ထိုးထား ကြရန် တိုက်တွန်းထားသည်။
အထူးသဖြင့် ယခုလို ဆောင်းတွင်းဝင်ရောက်လာသည့် ကာလများတွင် ကာကွယ်ဆေး ထိုးဖြစ်အောင် ထိုးထားကြရန် တိုက်တွန်းထားသည်။
ဆင်ဟွာ