
ဝါရှင်တန် စက်တင်ဘာ ၁၅
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန်တာဘိုင်ဒင်မှာ လက်နက်မှုဖြင့် စုံစမ်းစစ်ဆေးမှု များခံယူနေရသည်။ စက်တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုရှေ့နေများက ဟန်တာဘိုင်ဒင်အား လက်နက်မှုဖြင့် စွဲချက်တင်ခဲ့သည်။
အဆိုပါအမှုမှာ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည့် သမ္မတ၏ သားသမီးထဲမှ ပထမဆုံးစွဲချက် တင်ခံရသည့်အမှုလည်းဖြစ်သည်။ ဟန်တာဘိုင်ဒင် မှာ ၂၀၁၈ ခုနှစ်က လက်နက်ဝယ်ယူရာ၌ မူးယစ် ဆေးဝါးသုံးစွဲသော်လည်း သုံးစွဲခြင်းမရှိဟု လက်နက် ရောင်းချသူကိုလိမ်လည်ကာ သေနတ်ဝယ်ယူခဲ့ သည်ဟု ရှေ့နေများက ပြောသည်။
သို့သော်လည်း ဟန်တာဘိုင်ဒင်၏ ရှေ့နေက ၎င်းသည် သဘောတူညီမှုတစ်ခု၏ အစိတ်အပိုင်းဖြင့် အကာအကွယ်ယူထားဆဲဖြစ်သည့်အတွက် စွဲချက် တင်မှုကို ဖယ်ရှားသင့်သည်ဟု ပြောသည်။
ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ရီပတ် ဘလီကင် အမတ်များသည် ဘိုင်ဒင်၏ စီးပွားရေးများကိုပါ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တွန်းအားပေးနေကြသည်။ ယခုသီတင်းပတ် အစောပိုင်းကလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက် ကာသီသည် သမ္မတကို စွပ်စွဲအပြစ်တင် ရန် စုံစမ်းမှုတစ်ခု စတင်ခဲ့သည်။
ဟန်တာဘိုင်ဒင်သည် အခွန်ငွေပေးဆောင်ရန် ပျက်ကွက်ခဲ့သည့်အတွက်လည်းနောက်ထပ် စွဲချက် များနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု စုံစမ်းစစ်ဆေးသူ များက ပြောသည်။
အင်န်အိတ်ချ်ကေ