အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်တာသည် လက်နက်မှုနှင့်ပတ်သက်သည့်စွဲချက်များအတွက် အပြစ်မရှိဟုလျှောက်လဲချက်ပေး

 

ဝါရှင်တန်  အောက်တိုဘာ   ၄


အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်၏   သားဖြစ်သူ ဟန်တာသည် သေနတ်ဝယ်ယူရာတွင် မူးယစ်ဆေးဝါး သုံးစွဲသည်ဟူသော   စွပ်စွဲချက်ကို     အပြစ်မရှိဟု လျှောက်လဲချက်ပေးခဲ့သည်။ 


အောက်တိုဘာ ၃ ရက်က ဒဲလာဝယ်ရှိ တရားရုံး တစ်ရုံးတွင် ဟန်တာဘိုင်ဒင်  လာရောက်ထွက်ဆို ချက်ပေးခဲ့သည်။ ၂၀၁၈ ခုနှစ်က သေနတ်ဝယ်ယူနိုင် ရေး  မူးယစ်ဆေးတရားမဝင်သုံးစွဲသည်ကို လိမ်ညာခဲ့ သည်ဟု ၎င်းကိုစွပ်စွဲထားသည်။ ဟန်တာဘိုင်ဒင်၏ ရှေ့နေကမူ  ၎င်း၏အမှုသည်အပေါ် စွဲချက်များ အားလုံးမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ထရမ့် ကို ထောက်ခံသူများက  တရားရေးဌာနအပေါ်ပေး သည့် နိုင်ငံရေးဖိအားများ၏ရလဒ်ပင်ဖြစ်သည်ဟု ပြောသည်။ 


သမ္မတဟောင်း  ထရမ့်မှာ    ရာဇဝတ်မှုစွဲချက် လေးခုနှင့်ရင်ဆိုင်နေရချိန် အစိုးရရှေ့နေများသည် ဒီမိုကရက်တစ် သမ္မတ၏မိသားစုအပေါ် ကိုင်တွယ်ရာ တွင် ညင်သာလွန်းသည်ဟု  ရီပတ်ဘလီကင် အမတ် များက ဝေဖန်ကြသည်။ ဟန်တာဘိုင်ဒင် တရားစွဲခံရ ခြင်းမှာ လက်ရှိ  ရာထူးတာဝန်ထမ်းဆောင်နေသည့် သမ္မတ၏ သားသမီးတစ်ဦး တရားစွဲခံရသည့်ပထမဦး ဆုံးဖြစ်စဉ်ဖြစ်သည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြကြသည်။ 


နောက်ထပ်တရားခွင်မှာ   လာမည့်နှစ် သမ္မတ ရွေးကောက်ပွဲအပေါ် မည်သည့်သက်ရောက်မှုများ ရှိလာမည်ကို မီဒီယာများက အာရုံစိုက်နေကြသည်။ အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်သည်   လာမည့်နှစ် ရွေးကောက်ပွဲတွင်   ထပ်မံယှဉ်ပြိုင်ရန်   အစီအစဉ် ရှိသည်ဟု သိရသည်။                

အင်န်အိတ်ချ်ကေ