အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထပ်ဆောင်းကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူ

 

ဝါရှင်တန်   အောက်တိုဘာ   ၂၆
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် သည် အောက်တိုဘာ ၂၅ ရက် နှောင်းပိုင်းတွင် ထပ်ဆောင်းကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ သည်ဟု သိရသည်။ ဗိုင်းရပ်စ်မှာ  အမြဲလိုလို ပြောင်းလဲနေကြောင်း၊ မျိုးကွဲအသစ်များမှာ အမေရိကန် နှင့်  ကမ္ဘာတစ်ဝန်းတွင်   ဖြစ်ပေါ် နေကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။ 
ယခင်ထိုးထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ လုံလောက် သည့် ကာကွယ်မှုမျိုးအပြည့်အဝ ပေးစွမ်းနိုင်ခြင်း      မရှိတော့ဟု ၎င်းက   ဆက်ပြောသည်။  ယခု အချိန်အထိ        အမေရိကန်တွင် ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပြီးသူဦးရေမှာ သန်း ၂၀ ကျော်ရှိလာပြီဟု အိမ်ဖြူတော်က ပြောသည်။ 
ထပ်ဆောင်း ကာကွယ်ဆေး ကို  လာရောက်ထိုးနှံသူဦးရေမှာ လုံလောက်မှုမရှိသေးဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။  ရာသီ ဥတုမှာ တဖြည်းဖြည်းအေးလာပြီး  လူများမှာလည်း အဆောက်အအုံ အတွင်း၌သာ     အချိန်ဖြုန်းလာ သည့်အတွက်  ကိုဗစ်-၁၉ ကူးစက် မှုမှာ       ပိုမိုလွယ်ကူလာသည်ဟု  ၎င်းကဆက်ပြောသည်။     အမေ ရိကန်တွင်  ကိုဗစ်-၁၉ ကူးစက် ခံရသူ ၉၇ သန်းရှိပြီး သေဆုံးသူ ဦးရေမှာလည်း တစ်သန်းကျော်ရှိ သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ် မှ ထုတ်ပြန်သည့်အချက်အလက် များအရ သိရသည်။     
   ဆင်ဟွာ