
ဝါရှင်တန် ဇူလိုင် ၂၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇူလိုင် ၂၁ ရက် က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ထားရုံသာမက အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကိုလည်း နှစ်ကြိမ်တိုင်တိုင်ခံယူထား သော အမေရိကန်သမ္မတ ဘိုင်ဒင်သည် ကိုဗစ်-၁၉ အပျော့စားလက္ခဏာများကို ခံစားလျက်ရှိသည်။
ဘိုင်ဒင်သည် ကိုဗစ်-၁၉ ကုသရာတွင် အသုံးပြု လျက်ရှိသော ပက်ဇ်လိုဗစ်ဆေးကို စတင်သောက်သုံး လျက်ရှိပြီး အိမ်ဖြူတော်၌ သီးသန့်ခွဲခြားနေထိုင်လျက် ရှိသည်။ အဆိုပါအချိန်၌ ဘိုင်ဒင်သည် ၎င်း၏တာဝန် များကို အပြည့်အဝ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြသည်။
အမေရိကန်သမ္မတ ဘိုင်ဒင်သည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက အိမ်ဖြူတော်ဝန်ထမ်းများနှင့် အဆက် အသွယ်လုပ်ဆောင်ခဲ့ကြောင်းနှင့် ဖုန်းနှင့် ဇွန်းအက်ပလီ ကေးရှင်းများအသုံးပြုပြီး စီစဉ်ပြီးသားအစည်းအဝေး များတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက် တွင် ဆက်လက်ဖော်ပြထားသည်။
ဘိုင်ဒင်နှင့်ပတ်သက်သည့် နေ့စဉ်နောက်ဆုံး သတင်းအခြေအနေများကို ဖော်ပြပေးသွား မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။
ဆင်ဟွာ