
ဝါရှင်တန် ဖေဖော်ဝါရီ ၁၀
လစ်ဘရယ်အုပ်ချုပ်မှုပုံစံသို့ယိမ်းသော အမေရိကန်ပြည်ထောင်စုရှိ အုပ်ချုပ် ရေးမှူးများသည် ဒေသခံများ ပါးစပ် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင် ရမည့် အမိန့်တစ်ရပ်ကို ဖြေလျှော့ပေးရန် ကွန်ဆာဗေးတစ်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်နယ် အမိန့်ကို ရုပ်သိမ်းရန် ခွင့်ပြုလိုက် ကြောင်း နယူးယောက်အုပ်ချုပ်ရေးမှူး ကေသီဟိုချူက ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။ ဟိုချူက စီးပွားရေး လုပ်ငန်းများအနေဖြင့် ဖောက်သည်များ ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အထောက်အထားပြသရန် တောင်းဆို ရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ် ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။
ဒေသခံများသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ရမည်ဖြစ် ကြောင်းနှင့် စာသင်ခန်းများတွင်လည်း ကျောင်းသားများအနေဖြင့် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ် ကြောင်း ဟိုချူက ပြောသည်။ အမေ ရိကန်ပြည်ထောင်စု ပြည်နယ်အုပ်ချုပ် ရေးမှူးများသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုလျော့ကျလာသည်ကို တွေ့ရှိခဲ့ သည်။ ထို့ကြောင့် ကယ်လီဖိုးနီးယား၊ မက်ဆာချူးဆက်နှင့် တခြားနေရာများ တွင် ကိုဗစ်-၁၉ စည်းမျဉ်းများကို ဖြေလျှော့ပေးထားသည်။
ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန ညွှန်ကြားရေးမှူးက ဆေးရုံ တက်ရောက်သည့် အရေအတွက်နှင့် သေဆုံးသည့် အရေအတွက်မှာ ဆက်လက် မြင့်တက်နေသေးကြောင်းထောက်ပြသည်။ ရိုချယ်ဝယ်လန်စကီးက အများပြည်သူနှင့်သက်ဆိုင်သော နေရာ များတွင် ပါးစပ်နှာခေါင်းစည်းဝတ်ဆင် ခြင်းကို ရုပ်သိမ်းရန် စောလွန်းနေသေး ကြောင်း အကြံပြုထားသည်။
အင်န်အိတ်ချ်ကေ