အမေရိကန်ပြည်ထောင်စုတွင် လေဆင်နှာမောင်းတိုက်ခတ်မှု တစ်ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိ

 

ဝါရှင်တန်    မတ်   ၂၃ 


အမေရိကန်ပြည်ထောင်စု တက္ကဆက်နှင့်  အိုကလာဟိုးမားပြည်နယ် နေရာအနှံ့အပြား၌ မတ် ၂၁ ရက် ညနေပိုင်းက လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး တစ်ဦးသေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက မတ် ၂၂ ရက်က ပြောကြားလိုက်သည်။ 

 


မုန်တိုင်းအဖျက်လမ်းကြောင်းသည် မတ် ၂၂ ရက် က    လူဝီစီယာနားနှင့်    မစ္စစ္စပီပြည်နယ်များကို ရွေ့လျားလာခဲ့သည်။ တက္ကဆက်ပြည်နယ်မြောက်ပိုင်း ဂရေဆမ်စီရင်စုရှိ ရှာဝုဒ်ရှောတွင်  အသက် (၇၃) နှစ် အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ဂရေဆမ်   စီရင်စု     အရေးပေါ်စီမံခန့်ခွဲရေး   ညွှန်ကြားရေးမှူး ဆာရာ  ဆိုမားစ်က ဒဏ်ရာရရှိသူ ၁၀ ဦးကို ဒေသ ဆေးရုံများသို့ တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။   ကနဦးသတင်းထုတ်ပြန်ဖော်ပြချက်များအရ    တက်ဇို မာကန်  တက္ကဆက်ဘက်ပိုင်း၊ အိုကလာဟိုးမားရှိ   ကင်းစ်တန်၊    မာရှယ်စီရင်စုတောင်ပိုင်း   ဒေသများ တွင်     အိမ်အတော်များများ    ပျက်စီးခဲ့ကြောင်း သိရသည်။ 

 


မာရှယ်စီရင်စု   အရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့က လေဆင်နှာမောင်းကြောင့် ဒေသတွင်းလျှပ်စစ်မီးများ   ပြတ်တောက်ခဲ့ကြောင်းနှင့်     သေဆုံးသူမည်မျှ ရှိကြောင်း မသိရသေးသော်လည်း လူအတော်များများ ကို ဒေသဆေးရုံများသို့  ပို့ဆောင်ခဲ့ရကြောင်း  နယူး ၁၂ သတင်းလိုင်းသို့ ပြောကြားခဲ့သည်။ ပထမလေဆင် နှာမောင်းသည် မတ် ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီက တက္ကဆက်မြောက်ပိုင်း  ဂျက်စ်ဘိုရိုကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ        မူလတန်းကျောင်း တစ်ကျောင်း၊  အထက်တန်းကျောင်းတစ်ကျောင်း၊ တိရစ္ဆာန်နားခိုရာနေရာတစ်ခုနှင့်   အိမ် ၆၀ မှ ၈၀ အထိ ပျက်စီးခဲ့သည်။ လေဆင်နှာမောင်းသည် နှစ်မိုင် ကျယ်     ပျက်စီးမှုလမ်းကြောင်းတစ်ခု   ဖြစ်ပေါ်ခဲ့ရာ ၎င်းလမ်းကြောင်းအတွင်းရှိ    အရာဝတ္ထုမှန်သမျှ ပျက်စီးခဲ့ကြောင်း သိရသည်။ 

 


နောက်ထပ်       လေဆင်နှာမောင်းတစ်ခုသည် အော်စတင်ဆင်ခြေဖုံး  ရောင်းရော့ခ်ကို  ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်းနှင့် လေဆင်နှာမောင်းတိုက်ခတ် ရာလမ်းကြောင်းတစ်လျှောက် သက်ရှိ၊ သက်မဲ့ အရာဝတ္ထုအတော်များများပျက်စီးခဲ့သည်။ ပြင်းထန်သည့် မိုးလေဝသအခြေအနေများ   သီတင်းပတ်အလယ် လောက်အထိ   ဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်း မိုးလေဝသ  သတင်းလိုင်းတစ်ခုတွင်   ဖော်ပြထား သည်။
 

ဆင်ဟွာ