
ဝါရှင်တန် စက်တင်ဘာ ၁၆
အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကလေးငယ်ပေါင်း ၁၄ ဒသမ ၆ သန်းကျော် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိကြောင်း အမေရိကန် ကလေးအထူးကု အကယ်ဒမီ (အေအေပီ)နှင့် ကလေးများဆေးရုံ အဖွဲ့အစည်း၏ နောက်ဆုံးထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။
လွန်ခဲ့သော သီတင်းပတ် လေးပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသော ကလေးငယ်ပေါင်း ၃၄၀၀၀၀ ကျော်ရှိသည်။ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားသော ကလေးငယ် ပေါင်း ၆ ဒသမ ၇ သန်းနီးပါးရှိသည်။
စက်တင်ဘာ ၈ ရက် အဆုံးသတ်သော သီတင်းပတ်အတွက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သော ကလေးငယ် ၈၃၃၀၀ ခန့်ရှိကြောင်း အေအေပီ က အစီရင်ခံစာ၌ ဖော်ပြထားသည်။ သို့သော်လည်း ဖော်ပြထားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့် အရေအတွက်သည် အများဆုံးသော ပမာဏဖြစ်နိုင် ခြေရှိကြောင်း ဆက်လက်ဖော်ပြထားသည်။
ကိုဗစ်-၁၉ မျိုးကွဲအသစ်များနှင့် ဆက်စပ်လျက် ရှိသော ပြင်းထန်သည့်နာမကျန်းမှုများနှင့် ရေရှည် အကျိုးသက်ရောက်မှုများအပေါ် ဖြစ်နိုင်ခြေရှိသည် များကို အကဲဖြတ်နိုင်ရန်အတွက် အသက်အရွယ် အလိုက် အချက်အလက်များ ပိုမိုစုဆောင်းရန် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း အေအေပီက ပြောသည်။
ကပ်ရောဂါသည် ကလေးငယ်များ၏ ကျန်းမာရေး အပေါ် ချက်ချင်းသက်ရောက်မှု ရှိနိုင်သလားဆို သည့် ကိစ္စနှင့်ပတ်သက်ပြီး အသိအမှတ်ပြုရန် အရေးကြီးကြောင်း အေအေပီက ဆက်လက် ပြောကြားသည်။
ဆင်ဟွာ