အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ ဂဟေဆက်လုပ်ငန်းကုမ္ပဏီတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦးသေဆုံး

 

ဝါရှင်တန်  ဖေဖော်ဝါရီ   ၂၂ 
အမေရိကန်ပြည်ထောင်စု ဖလော် ရီဒါပြည်နယ်ရှိ       ဂဟေဆက် လုပ်ငန်းလုပ်ကိုင်သည့်    ကုမ္ပဏီ တစ်ခုတွင်  မီးလောင်ပေါက်ကွဲမှု      တစ်ခု ဖြစ်ပွားခဲ့ရာ  နှစ်ဦးသေဆုံး ပြီး  သုံးဦး  ဒဏ်ရာရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန် သော သတင်းများအရ သိရသည်။ 
အဆိုပါ ကုမ္ပဏီသည် မီယာ မီ-ဒါဒီစီရင်စုရှိ မက်ဒလေးမြို့တွင် တည်ရှိသည်။ မီးလောင်ပေါက်ကွဲ မှုကြောင့် လူနှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး    သေဆုံးခဲ့ပြီး    တခြား သုံးဦးမှာ   မီးလောင်မှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း အရာရှိ များက ပြောသည်။ 
လောင်ကျွမ်းပေါက်ကွဲရသည့် အကြောင်းရင်းကို    တာဝန်ရှိသူ များက       စုံစမ်းစစ်ဆေးလျက် ရှိသည်။ 
အမေရိကန်   ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်ရှိ  ကုန်ထုတ် လုပ်ရေးစက်ရုံ      တစ်ရုံတွင် လူတစ်ဦး  သေဆုံးခဲ့ပြီး   လူဒါဇင် ကျော် ဒဏ်ရာရရှိခဲ့သည့် ပြင်းထန် သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ယခုလို   နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။          ဆင်ဟွာ