အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ သုံးဦးသေဆုံး

 

မီချီဂန်   ဖေဖော်ဝါရီ  ၁၄


အမေရိကန်ပြည်ထောင်စု မီချီဂန် ပြည်နယ် တက္ကသိုလ်ကျောင်းဝင်း အတွင်း ဖေဖော်ဝါရီ ၁၃ ရက်ညက  သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ သုံးဦးသေဆုံးခဲ့ပြီး    ငါးဦးထက် မနည်း      ဒဏ်ရာရရှိခဲ့ကြောင်း တက္ကသိုလ်ရဲတပ်ဖွဲ့က ပြောသည်။ 

 


တက္ကသိုလ်ဝင်းနှင့်    မလှမ်း မကမ်းအကွာတွင် မိမိကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည့်    သံသယတရားခံ သေနတ်သမား၏ ရုပ်အလောင်း ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က  ပြောသည်။     ယခုအခါတွင် ကျောင်းဝင်းကို ခြိမ်းခြောက်လျက် ရှိသည့်  အန္တရာယ်တစ်စုံတစ်ရာ မရှိတော့ကြောင်း        ပြောကြား လိုက်ပြီး      နောက်ရဲတပ်ဖွဲ့က   စိတ်ချရသော အမိုးအကာအောက်      (အိမ်ထဲ)   ၌သာ   နေထိုင်ရမည် ဆိုသည့် အမိန့်ကြေညာချက်ကို ရုပ်သိမ်းလိုက်သည်။ 

 


တက္ကသိုလ်     ပြောရေးဆိုခွင့် ရှိသူ အီမီလီဂူရန့်က ပထမအကြိမ် သေနတ်ပစ်ခတ်မှုသည်  ကျောင်း  ခန်းမအတွင်း  ဒေသစံတော်ချိန်  ည ၈ နာရီ ၁၈ မိနစ်တွင် ဖြစ်ပွား ခဲ့ပြီးနောက် ဘေးကပ်လျက်အခန်း များမှ သေနတ်သံများ ဆက်တိုက် ကြားရကြောင်း        ပြောသည်။ သေနတ်သမားသည်      သေနတ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ဟန်            တူကြောင်း၊ သေနတ်သမားသည် မိမိကိုယ်မိမိ  အဆုံးစီရင်ခဲ့သည်ဟု     ယူဆရ ကြောင်း    ရဲများက    ပြောသည်။ မီးသတ်ကား၊ လူနာတင်ယာဉ်နှင့် တခြားအရေးပေါ်ယာဉ် ၃၀ နီးပါး သည်      ကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ 

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ