အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူခုနစ်ဦးသေဆုံး

 

ကယ်လီဖိုးနီးယား   ဇန်နဝါရီ   ၂၄ 
အမေရိကန်ပြည်ထောင်စု    ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ပိုင်း၌   ဇန်နဝါရီ  ၂၃  ရက်က  သေနတ်ပစ်ခတ်မှုနှစ်ခုဖြစ်ပွားခဲ့ရာ    လူခုနစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြခဲ့သည်။ 
သေနတ်ပစ်ခတ်မှုများသည်  ဆန်ဖရန်စစ္စကို တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ မြောက်ပိုင်း ကယ်လီဖိုးနီးယားကမ်းရိုးတန်းမြို့ဖြစ်သည့် ဟာ့ဖ် မွန်းဘေးတွင် ဖြစ်ပွားခဲ့သည်။ 
သေနတ်ပစ်ခတ်မှုဖြစ်ပွားရသည့်   အကြောင်း ရင်းကို မသိရသေးကြောင်း သိရသည်။
ယခင်ကဖြစ်ပွားခဲ့သည့်     လူအများအပြား သေဆုံးခဲ့သည့်   သေနတ်ပစ်ခတ်မှုတွင်  သံသယ တရားခံဖြစ်သူ အသက် ၆၇ နှစ်ရှိ လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာက တွစ်တာပေါ် တွင် ဖော်ပြထားသည်။ 
ယခုဖြစ်စဉ်တွင် သံသယရှိသူကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထား သည်။(ယာပုံ)
မွန်ထရီပါ့ခ်သေနတ်ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာ မီမှာပင် ယခုလို သေနတ်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။                                        
ဆင်ဟွာ