
ဆိုးလ် စက်တင်ဘာ ၂၃
နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ် ရန် အမေရိကန်နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောသည် တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။
ယူအက်စ်အက်စ် ရော်နယ်ရေဂန် လေယာဉ် တင်သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဘူဆန်မြို့၌ သောကြာနေ့က ဆိုက်ကပ်ခဲ့သည်။ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂန်၏ တပ်မှူး ရေတပ်ဗိုလ်ချုပ် မိုက်ကယ်ဒွန်နယ်လီက ရေယာဉ်ကုန်းပတ်ပေါ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကိုရီးယားကျွန်း ဆွယ်တွင်ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုက အမေရိကန်သည် တောင်ကိုရီးယား နှင့်အတူ ရပ်တည်လျက်ရှိသည်ကို ပြသ လျက်ရှိကြောင်း ပြောကြားလိုက်သည်။
နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံရေတပ်များသည် မည်သည့်စိန်ခေါ်မှု သို့မဟုတ် ခြိမ်းခြောက်မှုဟူသမျှမဆို လိုအပ် သည့်အချိန်တိုင်း အပြန်အလှန် ပူးပေါင်း ရင်ဆိုင်သွားမည်ကို ပြသလျက်ရှိသည်။
နှစ်နိုင်ငံရေတပ်များသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို အဓိကအားဖြင့် ဂျပန်ပင်လယ် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင် ကိုရီးယားမီဒီယာက ဖော်ပြသည်။
အင်န်အိတ်ချ်ကေ