
ကဘူးလ် စက်တင်ဘာ ၂၁
အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်ခေါင်းဆောင်များသည် အမေရိကန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ၎င်းတို့၏ ဘက်တော် သားတစ်ဦးကို လွှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အပြန်အလှန်အားဖြင့် ကဘူးလ်၌ ဖမ်ဆီးထိန်းသိမ်းထားသော အမေရိကန်နိုင်ငံသားတစ်ဦးကိုလည်း တာလီဘန်များက လွှတ်ပေးလိုက် ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အမေရိကန်အစိုးရသည် ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်ထားရ သော ဘာရှာနော်ဇိုင်ဟု အမည်ရသည့် မူးယစ်ဆေးဝါးဘုရင်ကို လွှတ် ပေးခဲ့ခြင်းဖြစ်ပြီး တာလီဘန်ဘက်ကလည်း အာဖဂန်နစ္စတန်နိုင်ငံ၌ ထောင်ဒဏ် နှစ်နှစ်ကျခံနေရသော အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ မာ့ခ် ဖရီးရစ်ချ်ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားလဲလှယ်မှုကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် လေဆိပ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တာလီဘန်တို့သည် စက်တင်ဘာ ၁၉ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ အကျဉ်းသားလဲလှယ်မှုသည် အမေရိကန်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှု အဆင့်သစ်၏အစကို ပြသခြင်းဖြစ်ကြောင်း ပြောသည်။ အမေရိကန် နိုင်ငံက ဩဂုတ်လအစောပိုင်းတွင် ကဘူးလ်၌ အယ်ကေးဒါးခေါင်းဆောင် အေမန် အယ် ဇဝါဟီရီကို ဒရုန်းဖြင့် ပစ်ခတ်သတ်ဖြတ်မှု ပြုလုပ်ပြီးနောက် အဆိုပါ အကျဉ်းသားလဲလှယ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ