အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးစားစစ်ရေးလေ့ကျင့်မည်

 

ဆိုးလ်   အောက်တိုဘာ  ၁၈


ယခုလနှောင်းပိုင်းတွင် နောက်ဆုံး ပေါ် ကိုယ်ပျောက်တိုက်လေယာဉ် များအပါအဝင် အမေရိကန်နိုင်ငံ နှင့်      တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု   ပြုလုပ် သွားမည်ဖြစ်ကြောင်း      တောင် ကိုရီးယား   စစ်ဘက်ဆိုင်ရာက ထုတ်ပြန်ကြေညာလိုက်သည်။

 


အဆိုပါ    စစ်ရေးလေ့ကျင့်မှု ကို   အောက်တိုဘာ  ၃၁  ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း   စစ်ဘက် ဆိုင်ရာ      တာဝန်ရှိသူများက ပြောသည်။   ထို့အပြင်    တောင် ကိုရီးယားလေတပ်မှ   F-35A ကိုယ်ပျောက် တိုက်လေယာဉ်များ နှင့် ဂျပန်ရှိ   ယူအက်စ်အိဝါကုနိ လေတပ်စခန်းမှ         F-35B   ကိုယ်ပျောက် တိုက်လေယာဉ်များ     အပါအဝင် လေယာဉ်   ၂၄၀  ခန့်   ပါဝင်မည်ဖြစ်ကြောင်း   အဆိုပါ တာဝန်ရှိသူများက ပြောသည်။ 

 


အမေရိကန်နှင့်       တောင် ကိုရီးယားနိုင်ငံတို့      ယခုအကြိမ်  ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့် မှုသည်  ၂၀၁၇  ခုနှစ်နောက်ပိုင်း အကြီးစား  စစ်ရေးလေ့ကျင့်မှု ဖြစ်လာမည်ဖြစ်ကြောင်း တောင် ကိုရီးယားနိုင်ငံ ယွန်ဟက်သတင်း ဌာနက ပြောသည်။ 

 


အောက်တိုဘာ   ၁၇  ရက် တွင် တောင်ကိုရီးယားစစ်ဘက်က ပုံမှန်ကွင်းဆင်း စစ်ရေးလေ့ကျင့်မှု များပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံတွင်        တပ်စွဲထားသော အမေရိကန်      တပ်များလည်း စစ်ရေးလေ့ကျင့်မှုအချို့တွင် ပါဝင် ခဲ့သည်ဟု   သိရသည်။ 


အင်န်အိတ်ချ်ကေ