အမေရိကန်နိုင်ငံ၌ Monkeypox ရောဂါ ဖြစ်ပွားမှုအရေအတွက် မြင့်တက်လာ

 

လော့စ်အိန်ဂျလိစ်   ဇူလိုင်   ၁၀


အမေရိကန်နိုင်ငံ၌   monkeypox   ရောဂါ    အတည်ပြုကူးစက်ခံရသူ အရေအတွက်သည် ၈၀၀ နီးပါးရှိလာသည့်အတွက် ကျွမ်းကျင်သူများက  ပြည်သူ့ကျန်းမာရေးစနစ်အားနည်းမှုကို ဝေဖန်လိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 


အမေရိကန်နိုင်ငံ၌   ပြည်နယ်  ၃၉  ခုမှ  monkeypox    ရောဂါ အတည်ပြု ကူးစက်ခံရသူ အရေအတွက်သည် ဇူလိုင် ၉ ရက်တွင် ၇၆၇ ဦးအထိ ရှိလာသည့်အတွက် ရောဂါဖြစ်ပွားမှု ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးစနစ်၏ အားနည်းမှုကို ကျွမ်းကျင်သူ များက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ 

 


အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (စီဒီစီ)  ၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ အီလီနွိုက်စ်ပြည်နယ် တွင် ၉၁ ဦး၊  ကယ်လီဖိုးနီးယားပြည်နယ်တွင်  ၁၃၆  ဦးတို့ပြီးနောက် နယူးယောက်ပြည်နယ်သည် ၁၅၃ ဦးဖြင့် monkeypox ရောဂါကူးစက် ခံရမှု အမြင့်ဆုံးအဖြစ် ရှိနေသည်။ 

 


အမေရိကန်ကျန်းမာရေးနှင့်  လူသားအကျိုးပြု  ဝန်ဆောင်မှုဌာန (အိတ်ချ်အိတ်ချ်အက်စ်)   သည်   ရောဂါဖြစ်ပွားမှုကို   ဟန့်တားနိုင်ရန် အတွက် monkeypox နှင့် smallpox တို့အတွက် ထိုးနှံရန်အတည်ပြု ထားသည့် နှစ်ကြိမ်ထိုး Jynneos ကာကွယ်ဆေး ၁၄၄၀၀၀ ကို မြို့နယ် များနှင့် ပြည်နယ်များကို ဇူလိုင် ၁၁ ရက်မှ စတင်ကာ ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။      
             

ဆင်ဟွာ