
လော့စ်အိန်ဂျလိစ် ဇူလိုင် ၂၆
အမေရိကန်နိုင်ငံ၌ မျောက် ကျောက်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၀၀၀ နီးပါးရှိလာပြီ ဖြစ်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (စီဒီစီ)မှ နောက်ဆုံး ထုတ်ပြန်သော အချက်အလက် အရ သိရသည်။
နယူးယောက်သည် အဆိုပါ မျောက်ကျောက်ရောဂါ ကူးစက်ခံ ရသူ ၉၀၀ ဖြင့် အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ကယ်လီဖိုးနီး ယားက ကူးစက်ခံရသူ ၃၅၆ ဦးနှင့် ဖလော်ရီဒါက ကူးစက်ခံရသူ ၂၄၇ ဦးရှိကြောင်း စီဒီစီ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက အမေရိကန် နိုင်ငံအနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှု ကို ထိန်းချုပ်ရန် အရေးကြီးသော အချိန်ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဇူလိုင် ၂၃ ရက်က မျောက်ကျောက် ရောဂါဖြစ်ပွားမှုကို နိုင်ငံတကာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဆင်ဟွာ