
လော့စ်အိန်ဂျလိစ် ဩဂုတ် ၂၄
အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ (စီဒီစီ) မှ နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်အရ အမေရိကန် နိုင်ငံသည် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ၁၅၀၀၀ ကျော်အထိ ရှိလာပြီဖြစ် ကြောင်း သိရသည်။
ထို့အပြင် စီဒီစီက ထုတ်ပြန် လိုက်သော အဆိုပါအချက်အလက် များတွင် ဩဂုတ် ၂၂ ရက်အထိ အမေရိကန်နိုင်ငံ တစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက် ခံရသူ စုစုပေါင်း အရေအတွက် သည် ၁၅၄၃၃ ဦးအထိ ရှိလာ ကြောင်း ဖော်ပြထားသည်။ မျောက်ကျောက်ရောဂါ ကူးစက် ခံရသူများအနက် နယူးယောက် ပြည်နယ်သည် ကူးစက်ခံရသူ ၂၉၁၀ ဖြင့် အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ကယ်လီဖိုး နီးယားပြည်နယ်က ၂၆၆၃ ဦးနှင့် ဖလော်ရီဒါပြည်နယ်က ၁၅၈၈ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အမေ ရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက် ခံရမှု အများဆုံးနိုင်ငံအဖြစ် ရှိနေ ပြီး သမ္မတဘိုင်ဒင် ဦးဆောင်သော အစိုးရအဖွဲ့သည် မျောက်ကျောက် ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင် ရွက်ရေးနှင့်ပတ်သက်ပြီး ဝေဖန်မှု များနှင့် ရင်ဆိုင်ရလျက်ရှိနေသည်။
ဆင်ဟွာ