အမေရိကန်နိုင်ငံ၌ မေ ၅ ရက် ညပိုင်းတွင် ကျင်းပမည့် ONE Fight Night-10 ပြိုင်ပွဲတွင် အောင်လအန်ဆန်ပွဲစဉ် ပါဝင်

 

ရန်ကုန်  မေ   ၄


အမေရိကန်နိုင်ငံ၌  မေ ၅ ရက်   ညပိုင်း၌ ကျင်းပမည့် ONE Fight Night-10 ပြိုင်ပွဲတွင်     မြန်မာ   MMA   ဖိုက်တာ  အောင်လအန်ဆန်၏   တွဲဆိုင်းပါဝင်လာမည်ဖြစ်သည်။

 


အောင်လအန်ဆန်သည်  တရုတ်နိုင်ငံသား   ဖန်ယုံနှင့်   ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်ပြီး  မစ်ဒယ်ဝိတ်တန်း  စိန်ခေါ်ပွဲအဖြစ်  ကျင်းပမည် ဖြစ်သည်။        

 


ယခုပြိုင်ပွဲတွင်  တွဲဆိုင်းစုစုပေါင်း  ၁၁ ပွဲ ကျင်းပမည်ဖြစ်ပြီး အဓိက တွဲဆိုင်းအဖြစ်    ဖလိုင်းဝိတ်တန်း  ကမ္ဘာ့ချန်ပီယံလုပွဲ  ကျင်းပမည်ဖြစ်ပြီး      လက်ရှိချန်ပီယံ    ဂျွန်ဆင် (အမေရိကန်) နှင့်  စိန်ခေါ်သူ အက်ဒရီယာနို (ဘရာဇီး)  ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။  C0-Main Event များအဖြစ်   မွေထိုင်းဖလိုင်းဝိတ်တန်း    ကမ္ဘာ့ချန်ပီယံလုပွဲတွင်  လက်ရှိချန်ပီယံ ရော့ထောင်း (ထိုင်း) နှင့် စိန်ခေါ်သူ အက်ဂါ (မက္ကဆီကို)၊ ဖလိုင်းဝိတ်တန်း  Submission  Grappling   ကမ္ဘာ့ချန်ပီယံလုပွဲတွင်   လက်ရှိချန်ပီယံ     မစ်ကီ (အမေရိကန်) နှင့်   စိန်ခေါ်သူ   အိုဆင်မန် (အီဂျစ်)  တို့   ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။  

 

  စိန်ခေါ်ပွဲများအဖြစ်   စတန့်(ထိုင်း) နှင့် အန်ဒါဆင်  (အမေရိကန်)၊  ရော်ဘာတို (ခရိုအေးရှား)နှင့်  ဇီဘာတီယန်  (ဆွီဒင်)၊     အောင်လအန်ဆန် (မြန်မာ)နှင့်    ဖန်ယုံ (တရုတ်)၊   ဆာဂီ (အမေရိကန်) နှင့်  အာမက် (ပါကစ္စတန်)၊ ဘန်တန် (အမေရိကန်) နှင့် မာတင်   (သြစတြေးလျ)၊  ဒီရစ်ဒါ (နယ်သာလန်) နှင့်  ရော့တိုလို (အမေရိကန်)၊  ကီရာယတ်   (ကာဇက်စတန်)  နှင့်   ရီဆီမက္ကလာရင်  (သြစတြေးလျ)၊ လိုဝန် (အမေရိကန်) နှင့် အော့ရေးယွန်(တောင်ကိုရီးယား)  ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။  ယင်းပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး  ဒေသစံတော်ချိန် မေ ၅ ရက် ညပိုင်းတွင်   ကျင်းပ မည်ဖြစ်သောကြောင့် မြန်မာပရိသတ်များအနေဖြင့် မေ ၆ ရက် နံနက် အစောပိုင်းတွင် ကြည့်ရှုရမည်ဖြစ်သည်။

 


အောင်လအန်ဆန်သည် ယခုပွဲအနိုင်ရပါက ၎င်းလက်လွှတ်ထား ရသည့်    မစ်ဒယ်ဝိတ်တန်း   ကမ္ဘာ့ချန်ပီယံဆုကို  ပြန်လည်စိန်ခေါ်ခွင့် ရဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက် ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ဇန်နဝါရီက  ဘရာဇီးနိုင်ငံသား ဂယ်ဗိုနှင့် ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးအနိုင်ရခဲ့သည်။


ရဲရင့်လွင်
ဓာတ်ပုံ-အောင်လအန်ဆန် Facebook