အမေရိကန်နိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ပြန်လည်များပြားလာသည့်အတွက် ဆေးရုံများတွင် လူနာများ ပြည့်နှက်လာ

 

နှင်းမိုးအိမ်

 

အမေရိကန်ပြည်ထောင်စု၌ ဆောင်းတွင်းကာလသို့ ကျရောက်လာသည့်အခါ ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်များပြားလာပြီး အမေရိကန် တစ်လွှားဆေးရုံများတွင်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဖျားနာရသည့်လူနာဦးရေမှာ စံချိန်တင်မြင့်မားလာသည်။ 
တစ်ရှိန်ထိုးပြန်လည်များပြားလာ 
အမေရိကန်၌    လတ်တလောတွင် ကိုဗစ် -၁၉  ရောဂါကူးစက်ခံရသူ၊   ကိုဗစ် -၁၉ ရောဂါကြောင့် ဆေးရုံတက်ရသူနှင့် သေဆုံးသူဦးရေမှာ တစ်ရှိန်ထိုး ပြန်လည်များပြားလာသည်။  ဒီဇင်ဘာ ၇ ရက်တွင်  အပတ်စဉ်   ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူမှာ ၆၅၅၆၉ ဝန်းကျင်တွင်ရှိပြီး ပြီးခဲ့သည့် သီတင်းပတ် ကနှင့်နှိုင်းယှဉ်လျှင် ၄၉ ဒသမ ၆ ရာခိုင်နှုန်း များပြား လာခြင်းဖြစ်သည်ဟု အမေရိကန်  ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ ) ၏ ထုတ်ပြန် ချက်များအရသိရသည်။ 
လူအများစုမှာ    နေအိမ်တွင်ပင်   ကိုဗစ် -၁၉ ရောဂါ   ကူးစက်ခံရခြင်း ရှိ မရှိ  စစ်ဆေးကြသည့် အတွက် ကူးစက်ခံရသူအရေအတွက် အတိအကျကို မသိနိုင်ချေ။ 
သေဆုံးသူဦးရေလည်းများပြား 
အမှန်တကယ် ကူးစက်ခံရသူနှုန်းမှာ ယခုထက် ပို၍ များပြားနိုင်ကြောင်း    ကျွမ်းကျင်သူများက ယူဆကြသည်။ 
ထို့ပြင်   အမေရိကန်နိုင်ငံတွင်   ကိုဗစ် - ၁၉ ရောဂါကြောင့်ဆေးရုံတက် ကုသရသူနှုန်းမှာလည်း ဆက်လက်မြင့်မားလျက်ရှိသည်။  ဒီဇင်ဘာလပထမ ပတ်တွင် ကိုဗစ် - ၁၉ ရောဂါကြောင့် ဆေးရုံတက် ရသူ ဦးရေမှာ နေ့စဉ်ပျမ်းမျှအားဖြင့်  ၄၈၀၀ ကျော် ရှိပြီး   နိုဝင်ဘာလနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်လျှင် ၁၃ ဒသမ ၈ ရာခိုင်နှုန်းများပြားလာသည်ဟု စီဒီစီမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 
ဆေးရုံတက်ရသူဦးရေ   များပြားလာသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးရသူဦးရေမှာလည်း ဆက်လက်များပြားနေဆဲဖြစ်သည်။
ကပ်ရောဂါကြီးပြီးသွားဟု အထင်ရောက်လာ 
မကြာသေးခင် သီတင်းပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြောင့်သေဆုံးရသူ ဦးရေမှာ ပျမ်းမျှအား ဖြင့် ၄၂၀ကျော်ရှိပြီး  ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ် လျှင်  ၆၁ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခြင်း ဖြစ်သည်။ 
ဒီဇင်ဘာ ၈ ရက်အထိ အမေရိကန်ပြည်ထောင်စု အတွင်းရှိ   ခရိုင်နှင့်   နယ်မြေများတွင်  ကိုဗစ် -၁၉   ရောဂါ     ကူးစက်မှုမြင့်မားခြင်းနှင့် အလယ်အလတ် အဆင့် ကူးစက်မှုများကို   တွေ့ရှိလာရသည်။ 
ကန့်သတ်ချက်များ          ဖြေလျှော့ပေးခြင်း၊  လူအများကြားတွင်    ပိုမိုကျယ်ပြန့်သည့်    ခုခံအား စနစ်    ပေါ်ပေါက်လာခြင်းတို့ကြား     ကပ်ရောဂါကြီး ပြီးသွားပြီဟူသော    အထင်သက်ရောက်လာကြ သည်။ 
အထူးသဖြင့်  လူငယ်များကြားတွင် ကပ်ရောဂါ ကြီးမှာ  အင်အားပျော့သွားပြီဟူသော  အထင်များ သက်ရောက်လာသည်။ 
ကူးစက်မှုပိုမိုများပြားလာ 
အားလပ်ရက်ရာသီသို့ရောက်ရှိလာပြီဖြစ်သည့် အတွက် ခရီးသွားလာမှုများပြားလာခြင်း၊ ရာသီဥတု မှာ    တဖြည်းဖြည်း   အေးလာပြီဖြစ်သည့်အတွက်  ပြင်ပတွင်ပြုလုပ်သည့်ပွဲများအစား အဆောက်အအုံ အတွင်း ပြုလုပ်သည့်ပွဲများက  နေရာယူမှုများပြားလာခြင်းတို့ကြောင့်လည်း    ကိုဗစ် - ၁၉   ရောဂါ ကူးစက်မှုမှာ ပိုမိုများပြားလာခဲ့သည်။ 
သက်ကြီးရွယ်အိုများကြား ခြိမ်းခြောက်မှုဖြစ်လာ 
ကိုဗစ် -၁၉  ရောဂါနှင့်ဆက်စပ်၍     ဆေးရုံ တက်ရသူများပြားလာခြင်းနှင့် သေဆုံးသူများပြား လာခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများနှင့် ရောဂါ အခံရှိသူများကြားတွင် ခြိမ်းခြောက်မှု ဖြစ်လာခဲ့ သည်။  မူရင်းကိုဗစ်  -၁၉ ရောဂါနှင့် အိုမီခရွန်မျိုးကွဲ တို့ကို   ပစ်မှတ်ထား၍     ကိုဗစ် -၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို    အမေရိကန်၌ ထိုးနှံပေးလျက်ရှိသည်။ ကလေးငယ်များကိုပါမကျန် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကိုထပ်ဆောင်းထိုးပေးလျက်ရှိသည်။ 
နိမ့်ကျနေသေး 
သို့သော်လည်း    သက်ကြီးရွယ်အိုများကြား ထပ်ဆောင်းကာကွယ်ဆေး   ထိုးပေးနိုင်မှုမှာ   စိတ် ကျေနပ်စရာ မကောင်းလောက်အောင်ပင် နိမ့်ကျနေ သေးသည်။    သုံးပုံ ပုံလျှင်  တစ်ပုံသာ ထပ်ဆောင်း ကာကွယ်ဆေးကိုထိုးရသေးသည်။ 
စက်တင်ဘာလကတည်းက       ထပ်ဆောင်း ကာကွယ်ဆေးများ       ထိုးပေးနေသော်လည်း ကာကွယ်ဆေးထိုးပြီးသူ  အသက် ငါးနှစ်အောက် ကလေးနှင့်   သက်ကြီးရွယ်   ရာခိုင်နှုန်းမှာမူ ၁၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိနေသေးသည်ဟု    စီဒီစီ က   ထုတ်ပြန်သည့်    အချက်အလက်များအရ သိရသည်။ 
စိုးရိမ်ရသည့်အခြေအနေတစ်ခုဖြစ် 
 အမေရိကန်၌ ကိုဗစ် -၁၉ ရောဂါနှင့် ဆက်စပ် ၍ ဆေးရုံတက်ရမှုများ  တစ်ဖန်များပြားလျက်ရှိရာ သက်ကြီးရွယ်အိုများကြားတွင်   ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြစ်လာသည်။     
နှစ်ပတ်အတွင်း   ကိုဗစ်-၁၉   ရောဂါကြောင့် ဆေးရုံတက်ရသူဦးရေမှာ ၃၀ ရာခိုင်နှုန်းမြင့်မားလာ သည်။  ကျန်းမာရေးမကောင်းသူများနှင့်   သက်ကြီး ရွယ်အိုများကြား   စိုးရိမ်ရသည့်   အခြေအနေတစ်ခု ဖြစ်ကြောင်း    အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ) မှ  ညွှန်ကြားရေးမှူး ဖြစ်သူ ရိုရှဲလ် ဝေလ်လန်စကီးက ပြောသည်။
အိုမီခရွန်တုန်းကထက်ပို၍များပြား 
ကယ်လီဖိုးနီးယားနှင့်    နယူးယောက်တို့တွင် ကိုဗစ် - ၁၉ ရောဂါကြောင့်   ဆေးရုံတက်ရသည့် သက်ကြီးရွယ်အိုဦးရေမှာ  နွေရာသီကာလ အိုမီခရွန် ကူးစက်မှုလှိုင်းဖြစ်စဉ်ကထက်ပို  များပြားကြောင်း  စခရစ်ဘာသာပြန်   အင်စတီကျု့  တည်ထောင်သူ  အဲရစ်တိုပေါလ်က ပြောသည်။ 
ကပ်ရောဂါကာလအတွင်း      အမေရိကန် ပြည်ထောင်စုရှိ ကာလရှည်ကြာ  စောင့်ရှောက်ရေး ဌာနများတွင်    နေထိုင်သူများအနက်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူငါးဦးတွင် တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု   ခိုင်ဆာဖောင်ဒေးရှင်းမှ ထုတ်ပြန် သည့်အချက်အလက်များအရ သိရသည်။        ။
ကိုးကား-ဆင်ဟွာ