
လော့အိန်ဂျလိစ် စက်တင်ဘာ ၉
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစကာ ကလေး ၁၄ ဒသမ ၅ သန်းကျော်သည် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း အမေရိကန် ကလေးအထူးကုအဖွဲ့ (အေအေပီ)နှင့် ကလေးဆေးရုံမှ ထုတ်ပြန် သည့် နောက်ဆုံးစာရင်းအချက် အလက်များအရ သိရသည်။
အမေရိကန်နိုင်ငံ၌ လွန်ခဲ့ သည့် ရက်သတ္တလေးပတ်အတွင်း ကလေး ၃၄၃၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက် ခံရသူ အကြမ်းအားဖြင့် ၆ ဒသမ ၆၅ သန်းရှိကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
စက်တင်ဘာ ၁ ရက် ကုန်ဆုံး သည့် ရက်သတ္တပတ်အတွက် ကလေး ၉၀၆၀၀ ခန့် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း အစီရင်ခံခဲ့ပြီး အဆိုပါ ပမာဏမှာ လွန်ခဲ့သည့် နှစ်ပတ်ထက် ၁၄ ရာခိုင်နှုန်းတိုးလာ ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ